back

ထိုင်းတောင်ပိုင်း ဟတ်ယိုင်မြို့၌ ရေကြီးရေလျှံမှုကြောင့် အနီရောင်အဆင့် အရေးပေါ်အခြေအနေ ကြေညာကာ ပြည်သူများကို အမြန်ပြောင်းရွှေ့ခိုင်း

Nov 22 • 2:56 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်းတောင်ပိုင်း ဟတ်ယိုင်မြို့၌ ရေကြီးရေလျှံမှုကြောင့် အနီရောင်အဆင့် အရေးပေါ်အခြေအနေ ကြေညာကာ ပြည်သူများကို အမြန်ပြောင်းရွှေ့ခိုင်း

ထိုင်းနိုင်ငံတောင်ပိုင်း၊ ဆုန်ခလာခရိုင်၊ ဟတ်ယိုင်မြို့နယ် တွင် သုံးရက်ဆက်တိုက် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် နိုဝင်ဘာ ၂၁ ရက် ညပိုင်းတွင် ရေလွှမ်းမိုးမှု ပို...

ထိုင်းနိုင်ငံတောင်ပိုင်း၊ ဆုန်ခလာခရိုင်၊ ဟတ်ယိုင်မြို့နယ် တွင် သုံးရက်ဆက်တိုက် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် နိုဝင်ဘာ ၂၁ ရက် ညပိုင်းတွင် ရေလွှမ်းမိုးမှု ပိုမိုမြင့်တက်လာခဲ့သည်။ ထို့ကြောင့် မြို့တော်ဝန်က အနီရောင်အဆင့်သတ်မှတ်ပြီး အရေးပေါ်အခြေအနေအဖြစ် ကြေညာချက်ထုတ်ပြန် ကာ မြေအောက်ရထားလမ်း ဥမင်လိုဏ်ခေါင်းအနီးနှင့် ဆေးရုံကြီးအရှေ့ နေထိုင်သူများအပါအဝင် မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု ၆၅ ခုမှ ပြည်သူများအားလုံးကို ရေဘေးလွတ်ကင်းရာနေရာများသို့ အမြန်ဆုံး ပြောင်းရွှေ့ခိုလှုံကြရန် သတိပေးနှိုးဆော်ထားသည်။ ထိုင်းရောက် မြန်မာရွှေ့ပြောင်းလုပ်သားများအနေဖြင့်လည်း သက်ဆိုင်ရာ တာဝန်ရှိသူများ၏ ရေဘေးထုတ်ပြန်ချက်များကို နားထောင်ရန် လိုအပ်ကြောင်း အကူအညီပေးသူတစ်ဦးက ပြောကြားခဲ့သည်။

news-view-count-icon

35