ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ နာမည်ကြီး ချာတူချက်ဈေးရုံနီကြီး၌ ဖြစ်ပွားခဲ့သော ဖြစ်စဉ်တစ်ခုတွင် ဈေးရောင်းသူတစ်ဦးသည် ဈေးလာဝယ်သူတစ်ဦးက ပစ္စည်း (သတ္တုဗူး) ကို ကိုင်ကြည့်ခြင်းအပေါ် ရိုင်းစိုင်းစွာ ရန်တွေ့ ခဲ့သည်။ "နင် ဒီမှာ မထိရ၊ မကိုင်ရလို့ ရေးထားတာ မတွေ့ဘူးလား။ ငွေမပါ၊ မဝယ်ရင် ပစ္စည်းမကိုင်ရဘူး" ဟု အော်ဟစ်ရန်တွေ့ခဲ့သည့် ဗီဒီယိုမှတ်တမ်းသည် အွန်လိုင်းတွင် ကြည့်ရှုသူ ၅ သန်းကျော် သွားပြီးနောက်ပြင်းထန်သော ဝေဖန်မှုများ ထွက်ပေါ်ခဲ့သည်။ထို့ကြောင့် ချာတူချက်ဈေးရုံနီကြီး တာဝန်ရှိသူများက အဆိုပါဈေးသည်ကို ခေါ်ယူတွေ့ဆုံပြီး နှစ်ဖက်သဘောတူညီမှုဖြင့် ဆိုင်ခန်းငှားရမ်းမှု စာချုပ်ကို ဖျက်သိမ်းကာ ဈေးရောင်းချခွင့်ကို ပိတ်ပင် လိုက်ကြောင်း သိရသည်။ ဈေးအာဏာပိုင်များက ဈေးဝယ်သူများအပေါ် စော်ကားသည့် ဈေးသည်ကြောင့် အများပြည်သူကို တောင်းပန်ကြောင်းကိုလည်း ထုတ်ပြန်ကြေညာခဲ့သည်။
ဈေးဝယ်သူကို ရိုင်းစိုင်းစွာ ဆက်ဆံ၍ ဘန်ကောက် ချာတူချက်ဈေးရုံကြီးမှ ဈေးသည်အား ဆိုင်ခန်းရောင်းချခွင့် ပိတ်သိမ်း
Nov 22 • 2:54 AM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
| 23 | 0 | 0 | 0 |


