back

ရန်ကုန်တိုင်း၌ ပါဝါအိတ်ဇော တပ်ဆင်ထားသည့် ယာဉ်များအား ဒီဇင်ဘာလမှစတင်၍ ပြင်းထန်စွာ အရေးယူမည်

Nov 22 • 2:53 AM

breaking-news

မြန်မာ

ရန်ကုန်

cover

ရန်ကုန်တိုင်း၌ ပါဝါအိတ်ဇော တပ်ဆင်ထားသည့် ယာဉ်များအား ဒီဇင်ဘာလမှစတင်၍ ပြင်းထန်စွာ အရေးယူမည်

ရန်ကုန်တိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကော်မတီက ပါဝါအိတ်ဇော တပ်ဆင်ထားသည့် အိမ်စီးကား၊ ပြိုင်ကားနှင့် မော်တော်ဆိုင်ကယ်များ ကို ဒီဇင်ဘာလမှ စတ...

ရန်ကုန်တိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကော်မတီက ပါဝါအိတ်ဇော တပ်ဆင်ထားသည့် အိမ်စီးကား၊ ပြိုင်ကားနှင့် မော်တော်ဆိုင်ကယ်များ ကို ဒီဇင်ဘာလမှ စတင်၍ တည်ဆဲဥပဒေအရ ပြင်းထန်စွာ အရေးယူ အပြစ်ပေးသွားမည်ဖြစ်ကြောင်း အသိပေးလိုက်သည်။ ပထမအကြိမ် ပြစ်မှုကျူးလွန်ပါက ထောင်ဒဏ်တစ်လ သို့မဟုတ် ငွေဒဏ် ကျပ် ၁၀၀,၀၀၀ သို့မဟုတ် ဒဏ်နှစ်ရပ်လုံး ချမှတ်မည်ဖြစ်ပြီး၊ နောက်တစ်ကြိမ် ထပ်မံကျူးလွန်ပါက ထောင်ဒဏ်သုံးလ သို့မဟုတ် ငွေဒဏ် ကျပ် ၃၀၀,၀၀၀ သို့မဟုတ် ဒဏ်နှစ်ရပ်လုံး ချမှတ်မည်ဟု ဖော်ပြထားသည်။ ထို့အပြင် ပါဝါအိတ်ဇော ရောင်းချသည့်ဆိုင်များနှင့် တပ်ဆင်ပေးသည့် ဝပ်ရှော့များကိုပါ သက်ဆိုင်ရာ ဥပဒေများအရ ပြင်းထန်စွာ အရေးယူခံရမည်ဖြစ်ပြီး၊ ၂၀၂၅ ခုနှစ် ဇွန်လမှ နိုဝင်ဘာလလယ်အထိ ယာဉ်အစီးရေ ၈၀ ကို ဖမ်းဆီးအရေးယူ၊ ဒဏ်ရိုက်၊ လိုင်စင်ပိတ်သိမ်းပညာပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

news-view-count-icon

28