ကရင်ပြည်နယ်၊ ရွှေကုက္ကိုလ်နယ်မြေအား အွန်လိုင်းလိမ်လည်မှု၊ လောင်းကစားမှုနှင့် ဒုစရိုက်မှုများ ရှင်းလင်းဖမ်းဆီးရာ နိုဝင်ဘာ ၂၁ ရက် (၄ ရက်မြောက်နေ့) တွင် တရုတ်၊ ဗီယက်နမ်၊ အာဖရိကနှင့် အာရှနိုင်ငံသား စုစုပေါင်း ၃၅၁ ဦး ကို ထပ်မံထိန်းသိမ်းနိုင်ခဲ့ပြီး၊ ရှင်းယုံလီဝန်းရှိ ဂိုဒေါင်တစ်ခုမှ Starlink ဘန်း (၁၀၁) လုံးနှင့် Router (၂၁) လုံး တို့ကိုလည်း သိမ်းဆည်းရမိခဲ့သည်။ နိုဝင်ဘာ ၁၈ ရက်မှ ၂၁ ရက်အထိ စုစုပေါင်း ပြည်ပနိုင်ငံသား ၁,၃၆၇ ဦး ကို ထိန်းသိမ်းနိုင်ခဲ့ပြီး၊ အွန်လိုင်းလိမ်လည်လောင်းကစားမှုများတွင် အသုံးပြုသည့် ကွန်ပျူတာ ၂,၆၅၃ လုံးနှင့် မိုဘိုင်းဖုန်း ၂၁,၇၅၀ လုံး တို့အပါအဝင် Starlink ဆက်သွယ်ရေးပစ္စည်းများကိုပါ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ရွှေကုက္ကိုလ်နယ်မြေ ရှင်းလင်းမှု (၄) ရက်မြောက်နေ့အထိ ပြည်ပနိုင်ငံသား ၁,၃၆၇ ဦးနှင့် Starlink ပစ္စည်းများ သိမ်းဆည်းရမိ
Nov 22 • 1:16 AM
မြန်မာ
ကရင်
မျှဝေမည်
| 20 | 0 | 0 | 0 |


