back

တရုတ်နိုင်ငံသို့ ပဲတီစိမ်းနှင့် ငှက်ပျောတင်ပို့မှု ပိုးသတ်ဆေးကိစ္စကြောင့် ရပ်ဆိုင်းထားခြင်းကို ဖြေလျှော့ပေးမည်

Nov 22 • 1:17 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

တရုတ်နိုင်ငံသို့ ပဲတီစိမ်းနှင့် ငှက်ပျောတင်ပို့မှု ပိုးသတ်ဆေးကိစ္စကြောင့် ရပ်ဆိုင်းထားခြင်းကို ဖြေလျှော့ပေးမည်

ပိုးသတ်ဆေးဓာတ်ကြွင်းပမာဏကြောင့် တရုတ်နိုင်ငံသို့ ပဲတီစိမ်းတင်ပို့သည့် ကုမ္ပဏီ ၂၅ ခုနှင့် ငှက်ပျောတင်ပို့သည့် ကုမ္ပဏီ ၇ ခု ကို ယာယီရပ်ဆိုင်းထားခြင်းအား တရုတ်ဘက်မ...

ပိုးသတ်ဆေးဓာတ်ကြွင်းပမာဏကြောင့် တရုတ်နိုင်ငံသို့ ပဲတီစိမ်းတင်ပို့သည့် ကုမ္ပဏီ ၂၅ ခုနှင့် ငှက်ပျောတင်ပို့သည့် ကုမ္ပဏီ ၇ ခု ကို ယာယီရပ်ဆိုင်းထားခြင်းအား တရုတ်ဘက်မှ ဖြေလျှော့ပေးရန် သဘောတူညီခဲ့ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့က (၉) ကြိမ်မြောက် အာဆီယံ-တရုတ် ပိုးမွှားရောဂါကင်းစင်ရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ စိုက်ပျိုးရေးဝန်ကြီးများအစည်းအဝေးသို့ တက်ရောက်စဉ် တရုတ်အကောက်ခွန်အထွေထွေအုပ်ချုပ်မှု အာဏာပိုင်အဖွဲ့ (GACC) ဒုတိယဝန်ကြီး Mr. Zhao Zeng Lian နှင့် တွေ့ဆုံဆွေးနွေးရာတွင် သဘောတူညီချက် ရရှိခဲ့ခြင်းဖြစ်သည်။ ထို့အပြင် GACC ဘက်မှ မြန်မာနိုင်ငံ၏ ငှက်သိုက်တင်ပို့မှု လုပ်ငန်းစဉ် အတွက် လိုအပ်သော အထူးသဘောတူညီချက်များတွင်လည်း ကူညီဆောင်ရွက်ပေးမည်ဟု ဆွေးနွေးခဲ့ကြောင်း သိရသည်။

news-view-count-icon

45