ကရင်ပြည်နယ်၊ မြဝတီ-မဲထော်သလေးရှိ KK Parkနယ်မြေအတွင်း အွန်လိုင်းလိမ်လည်မှု၊ လောင်းကစားမှုနှင့် ဒုစရိုက်မှုများ ကျူးလွန်ရာနေရာအဖြစ် အသုံးပြုခဲ့သော တရားမဝင် အဆောက်အအုံ ၁၉၆ လုံး ကို ယနေ့ နိုဝင်ဘာ ၂၁ ရက်နေ့ အထိ ဖြိုချဖျက်ဆီးပြီးဖြစ်ကြောင်း သိရသည်။နယ်မြေအတွင်းရှိ စုစုပေါင်း တရားမဝင်အဆောက်အအုံ ၆၃၅ လုံး အနက် နိုဝင်ဘာ ၂၁ ရက်နေ့ တစ်ရက်တည်းတွင် ၁၄ လုံး ကို ထပ်မံဖြိုချခဲ့ခြင်းကြောင့် ယခုကဲ့သို့ စုစုပေါင်း ၁၉၆ လုံး ဖြိုချပြီးစီးခဲ့ခြင်း ဖြစ်သည်။ လုံခြုံရေးအဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများ ပါဝင်သော ပူးပေါင်းစစ်ဆင်ရေးအဖွဲ့များသည် ကျန်ရှိနေသည့် တရားမဝင်အဆောက်အအုံများကို ဆက်လက်ရှင်းလင်းဖြိုချဖျက်ဆီးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
Nov 22 • 1:14 AM
မြန်မာ
ကရင်
မျှဝေမည်
| 24 | 0 | 0 | 0 |


