back

မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ နိုင်ငံတကာအဆင့် မီးသတ်နှင့် ဆေးဘက်ဆိုင်ရာ စွမ်းရည်ပြိုင်ပွဲတွင် ဆု (၂) ခု ရရှိ

Nov 22 • 1:13 AM

breaking-news

မြန်မာ

ပြည်ပ

cover

မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ နိုင်ငံတကာအဆင့် မီးသတ်နှင့် ဆေးဘက်ဆိုင်ရာ စွမ်းရည်ပြိုင်ပွဲတွင် ဆု (၂) ခု ရရှိ

စင်ကာပူနိုင်ငံ မြို့ပြကာကွယ်ရေးတပ်ဖွဲ့ (SCDF) မှ စင်ကာပူ Expo တွင် နိုဝင်ဘာ ၁၉ ရက်မှ ၂၁ ရက်အထိ ကျင်းပသည့် နိုင်ငံတကာအဆင့် Singapore Global Firefighters and Para...

စင်ကာပူနိုင်ငံ မြို့ပြကာကွယ်ရေးတပ်ဖွဲ့ (SCDF) မှ စင်ကာပူ Expo တွင် နိုဝင်ဘာ ၁၉ ရက်မှ ၂၁ ရက်အထိ ကျင်းပသည့် နိုင်ငံတကာအဆင့် Singapore Global Firefighters and Paramedics Challenge 2025 ပြိုင်ပွဲ၌ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ က ဆုများ ရရှိခဲ့ကြောင်း သိရသည်။မြန်မာနိုင်ငံကိုယ်စားပြုအသင်းသည် နိုင်ငံတကာအဆင့် မော်တော်ယာဉ်မတော်တဆမှုဖြစ်စဉ် ကယ်ဆယ်ရေးစွမ်းရည်ပြိုင်ပွဲ တွင် နိုင်ငံပေါင်း ၁၆ နိုင်ငံမှ အသင်း ၂၀ နှင့်အတူ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ၈ မိနစ်၊ ၁၄ စက္ကန့် စံချိန်ဖြင့် တတိယဆု ကို ရရှိခဲ့သည်။ ထို့ပြင်၊ Brave Heart အဖွဲ့လိုက် လက်ဆင့်ကမ်းပြိုင်ပွဲ တွင်လည်း မြန်မာမီးသတ်တပ်ဖွဲ့ဝင်များ ပါဝင်သည့်အသင်းက ပထမဆု ကို ဆွတ်ခူးရရှိခဲ့သည်။

news-view-count-icon

44