မွန်ပြည်နယ်အတွင်း ထုတ်လုပ်ဖြန့်ချလျက်ရှိသည့် သောက်ရေသန့်ဗူးကြီး ၂၀ လီတာများမှာ သန့်ရှင်းမှု အားနည်းလာကြောင်း သုံးစွဲသူ ဒေသခံများ၏ ပြောပြချက်အရ သိရသည်။လက်ရှိ အသုံးပြုနေသည့် သောက်ရေသန့် ဗူးကြီးများမှာ ဟောင်းနွမ်းညစ်ပတ်နေသည့်အပြင် ရေဗူးအတွင်း အောက်ခြေ၌ ရေညှိများပါနေခြင်း၊ အမှိုက်များပါနေခြင်းများ ရှိလာကြောင်း သုံးစွဲသူ ဒေသခံတစ်ဦးက ပြောသည်။ထို့ကြောင့် သောက်ရေသန့်ထုတ်လုပ်ဖြန့်ချိနေသည့် လုပ်ငန်းများအနေဖြင့်လည်း သန့်ရှင်းမှုကို အဓိကထားကာ ဆောင်ရွက်ကြရန် လိုအပ်ကြောင်း ဒေသခံများက ပြောသည်။



