back

ဆယ်နှစ်ကြာ ရပ်နားထားသည့် ထားဝယ်-မြိတ် အမြန်ရေယာဉ်ခရီးစဉ် ပြန်စ

Nov 21 • 4:07 PM

breaking-news

မြန်မာ

တနင်္သာရီ

cover

ဆယ်နှစ်ကြာ ရပ်နားထားသည့် ထားဝယ်-မြိတ် အမြန်ရေယာဉ်ခရီးစဉ် ပြန်စ

ထားဝယ်-မြိတ်-ကော့သောင်း ကမ်းရိုးတန်း အမြန်ရေယာဉ်ခရီးစဉ်များကို ၂၀၁၆ ခုနှစ်မှစ၍ ဆယ် နှစ်ကြာ ရပ်နားခဲ့ပြီးနောက် ယခုနှစ် နိုဝင်ဘာလ ၂ ၂ ရက်နေ့မှစ၍ ပြန်လည်ပြေးဆွဲသွာ...

ထားဝယ်-မြိတ်-ကော့သောင်း ကမ်းရိုးတန်း အမြန်ရေယာဉ်ခရီးစဉ်များကို ၂၀၁၆ ခုနှစ်မှစ၍ ဆယ် နှစ်ကြာ ရပ်နားခဲ့ပြီးနောက် ယခုနှစ် နိုဝင်ဘာလ ၂ ၂ ရက်နေ့မှစ၍ ပြန်လည်ပြေးဆွဲသွားမည်ဟု မြိတ်မြိုရှိ ခရီးသွားလုပ်ငန်း လုပ်ကိုင်သည့်အမျိုးသမီးတစ်ဦးကပြောသည်။ပင်လယ်ပြင်ရာသီဥတု အခြေအနေအရ ရေကြောင်းခရီးစဉ်ကို စပိတ်ဘုတ်အမြန်ရေယာဉ် အငယ်စားများဖြင့် ပြေးဆွဲလျက်ရှိရာမှ ပြောင်းလဲပြေးဆွဲခြင်းဖြစ်ကြောင်း ထားဝယ်မြို့မှ ခရီးသွားလုပ်ငန်းလုပ်ကိုင်သူ အမျိုးသားတစ်ဦးက ပြောသည်။ဆယ်နှစ်ကြာရပ်နားပြီးနောက် ယခုပြန်လည်ပြေးဆွဲရန် ပြင်ဆင်နေခြင်းဖြစ်ပြီး ထားဝယ်-မြိတ် အမြန်ရေယာဉ်စီးနင်းခမှာ ခရီးစဉ်တစ်ကြောင်းအတွက် တစ်ဦးလျှင် နှစ်သိန်းငါးသောင်းကျပ် ကျသင့်မည်ဖြစ်ကြောင်း အထက်ပါခရီးသွားလုပ်ငန်းများထံမှ သိရသည်။မြိတ်မြို့မှ ထားဝယ်မြို့ သို့ အမြန်ရေယာဉ်ခရီးစဉ်ကို နိုဝင်ဘာလ ၂၂ ရက်နေ့ နံနက် ၉ နာရီတွင် စတင်ထွက်ခွာမည်ဖြစ်ပြီး ထားဝယ်မြို့မှ မြိတ်မြို့သို့ နိုဝင်ဘာလ ၂၃ ရက် နေ့ နံနက် ၈ နာရီအချိန်တွင် စတင်ထွက်ခွာမည်ဖြစ်ကြောင်းသိရသည်။






news-view-count-icon

34