back

အကယ်ဒမီဗန်းကိုင်အတွက် နိုဝင်ဘာ ၂၄ ရက် စတင်လျှောက်ထားနိုင်

Nov 21 • 1:27 PM

breaking-news

မြန်မာ

ရန်ကုန်

cover

အကယ်ဒမီဗန်းကိုင်အတွက် နိုဝင်ဘာ ၂၄ ရက် စတင်လျှောက်ထားနိုင်

နေပြည်တော်မှာ ကျင်းပမဲ့ ၂၀၂၅ ခုနှစ် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲအတွက် အကယ်ဒမီဗန်းကိုင် လျှောက် ထားလိုသူတွေအနေနဲ့ နိုဝင်ဘာ ၂၄ ရက်မှာ စတင်လျှောက်ထားနိုင်ပြီ ဖ...

နေပြည်တော်မှာ ကျင်းပမဲ့ ၂၀၂၅ ခုနှစ် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲအတွက် အကယ်ဒမီဗန်းကိုင် လျှောက် ထားလိုသူတွေအနေနဲ့ နိုဝင်ဘာ ၂၄ ရက်မှာ စတင်လျှောက်ထားနိုင်ပြီ ဖြစ်တယ်လို့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်း အရုံးက အသိပေး ကြေညာပါတယ်။ အကယ်ဒမီဗန်းကိုင် လျှောက်ထားလိုသူ အမျိုးသား/အမျိုးသမီးတွေအနေနဲ့ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်မှာ အသက် ၁၆ နှစ် ပြည့်ပြီးသူနဲ့ အသက် ၂၅ နှစ် မကျော်သူ ဖြစ်ရမှာဖြစ်ပြီး အိမ်ထောင်မရှိသူ ဖြစ်ရမယ်လို့ ကြေညာ ချက်မှာ ဖော်ပြထားပါတယ်။အမျိုးသမီးဆိုရင် အရပ်အမြင့် ၅ ပေ ၂ လက်မကနေ ၅ ပေ ၈ လက်မအတွင်းဖြစ်ပြီး အမျိုးသားဆိုရင် အရပ်အမြင့် ၅ ပေ ၆ လက်မကနေ ၆ ပေအထိ ရှိရမှာဖြစ်ပါတယ်။ ဒါ့အပြင် ကျန်းမာရေးကောင်းမွန်သူ၊ အကျင့်စာရိတ္တ ကောင်းမွန်သူနဲ့ ကိုယ်ခန္ဓာအချိုးအစား ပြေပြစ်သူ ဖြစ်ရမှာဖြစ်ပါတယ်။လျှောက်လွှာတွေကိုတော့ ဝင်္ကဘာလမ်းရှိ အမှတ်၁၆) မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှာ နိုဝင်ဘာ ၂၄ ရက်က စတင်ကာ ထုတ်ယူနိုင်ပြီး လာမဲ့ ဒီဇင်ဘာ ၅ ရက်၊ ညနေ ၄ နာရီ မတိုင်မီ နောက်ဆုံး လျှောက်ထားရမှာ ဖြစ်တယ် လို့ သိရပါတယ်။





news-view-count-icon

35