ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် အသက်မပြည့်သေးသည့် မိန်းကလေးငယ်တစ်ဦးကို ရခိုင်ဒေသခံ အမျိုးသားတစ်ဦးမှ မုဒိမ်းမှု ကျူးလွန်ကြောင်း ဖြစ်စဥ်သိရှိသူ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။သက်ငယ်မုဒိမ်း ကျူးလွန်သူသည် ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ ပြည်လုံးကြီးကျေးရွာမှ အသက် (၄၆) နှစ်အရွယ် ဦးထွန်းလှိုင်ဖြစ်ပြီး ၎င်းကို လက်ရှိတွင် ဖမ်းဆီးထိန်းသိမ်းထားကြောင်း သိရှိရသည်။ပြီးခဲ့သည့် နိုဝင်ဘာလ ၉ ရက်၊ ညနေ ၅ နာရီအချိန်ခန့်တွင် ရွာ၏ မြောက်ဘက်ရှိ တောစပ်တွင် (၃) ကြိမ်တိုင်တိုင် အဓမ္မပြုကျင့်ပြီး ကျူးလွန်သူ ဦးထွန်းလှိုင်မှာ အဖမ်းမခံဘဲ ထွက်ပြေးလွတ်မြောက်သွားကြောင်း သိရှိရသည်။



