back

ထန်တလန်မြို့နယ်မှာခရီးသည်တင်ကား ၁ စီး တိမ်းမှောက်လို့ လူ ၁ ဦးသေဆုံးပြီး အများအပြားဒဏ်ရာရ

Nov 21 • 11:53 AM

breaking-news

မြန်မာ

ချင်း

cover

ထန်တလန်မြို့နယ်မှာခရီးသည်တင်ကား ၁ စီး တိမ်းမှောက်လို့ လူ ၁ ဦးသေဆုံးပြီး အများအပြားဒဏ်ရာရ

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်၊ ဗန်ဇန်ကျေးရွာအနီးမှာ နိုဝင်ဘာလ ၂၀ ရက် ညနေ ပိုင်းမှာ ခရီးသည်တင်ယာဉ် ၁ စီးတိမ်းမှောက်လို့ ကားပေါ်လိုက်ပါလာတဲ့ အမျိုးသမီး ၁ ဦးသေဆုံး...

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်၊ ဗန်ဇန်ကျေးရွာအနီးမှာ နိုဝင်ဘာလ ၂၀ ရက် ညနေ ပိုင်းမှာ ခရီးသည်တင်ယာဉ် ၁ စီးတိမ်းမှောက်လို့ ကားပေါ်လိုက်ပါလာတဲ့ အမျိုးသမီး ၁ ဦးသေဆုံးတဲ့အပြင် အများအပြားဒဏ်ရာရရှိခဲ့ကြတယ်လို့ သတင်းအရင်းအမြစ် တစ်ဦးထံကသိရပါတယ်။အဆိုပါကားဟာ ခရီးသည်များတင်ဆောင်လာတဲ့ကားဖြစ်ပြီး ကားလမ်းမြေပြိုတဲ့နေရာက ကျောက်တုံးတွေကို ရှောင်ရင်း ကားလမ်းအောက်ဘက်ကို ထိုးကျသွားတာလို့သိရပြီး ကားပေါ်မှာ လူ ၃၀ ကနေ ၄၀ ကြား လိုက်ပါ လာကြတယ်လို့သိရပါတယ်။




news-view-count-icon

18