ပဲခူးတိုင်း ၊ တောင်ငူမြို့နယ်မှာ အသက် ၁၂ နှစ်အရွယ် သမီးကိုဖခင်ဖြစ်သူ တရားခံ မောင်ခိုင် (ခ) ဇော်ခိုင် ဆိုသူကို ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားတဲ့အတွက် တောင်ငူခရိုင် တရားရုံးက နိုဝင်ဘာ ၂၀ ရက်နေ့မှာ ရာဇသတ်ကြီးပုဒ်မ-၃၇၆ (၁)အရ အလုပ်ကြမ်း နဲ့ ထောင်ဒဏ် နှစ် ၆၀ ချမှတ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ ဖြစ်စဥ်ကတော့ တောင်ငူမြို့နယ် ဒိုးအင်းကျေးရွာအုပ်စုမှာ ဇူလိုင် ၆ ရက်နေ့က ဖြစ်ပွားခဲ့တာဖြစ်ကြောင်း ၊ အသက် ၁၂ နှစ်အရွယ် သမီးနဲ့ ၁၄ နှစ် သမီးနှစ်ယောက်က ညဘက်မှာ နေအိမ်ထဲ အတူအိပ်နေချိန်မှာ ဖခင်ဖြစ်သူက သမီးအကြီးကို အဓမ္မပြုဖို့ကြံစည်ရာ မအောင်မြင်တဲ့အတွက် သမီးငယ်ကို ခေါ်ယူကာ အဓမ္မပြုကျင့် ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။



