back

ဘန်ကောက်ထောင်ပိုင်က တရုတ်နိုင်ငံသားအကျဥ်းသားတွေအတွက် ထောင်သားတွေအသုံးမပြုရတဲ့ ပစ္စည်း တွေပေးသုံးခဲ့တဲ့အပြင် တရုတ်လိင်ဝန်ဆောင်သူ(sex workers)တွေပါဝင်ခွင့်ပေးခဲ့

Nov 21 • 11:52 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ဘန်ကောက်ထောင်ပိုင်က တရုတ်နိုင်ငံသားအကျဥ်းသားတွေအတွက် ထောင်သားတွေအသုံးမပြုရတဲ့ ပစ္စည်း တွေပေးသုံးခဲ့တဲ့အပြင် တရုတ်လိင်ဝန်ဆောင်သူ(sex workers)တွေပါဝင်ခွင့်ပေးခဲ့

ဘန်ကောက် Remand Prison (BRP) အုပ်ချုပ်ရေးမှူး နဲ့ ထောင်ဝန်ထမ်းတစ်ချို့က ထောင်းအတွင်းရှိတရုတ် နိုင်ငံသားကျဉ်းသားတွေကို VIP ပုံစံဖြင့် ဆက်ဆံတာ ၊ ထောင်အတွင်းအသုံးမ...

ဘန်ကောက် Remand Prison (BRP) အုပ်ချုပ်ရေးမှူး နဲ့ ထောင်ဝန်ထမ်းတစ်ချို့က ထောင်းအတွင်းရှိတရုတ် နိုင်ငံသားကျဉ်းသားတွေကို VIP ပုံစံဖြင့် ဆက်ဆံတာ ၊ ထောင်အတွင်းအသုံးမပြုရတဲ့ လျှပ်စစ် ပစ္စည်းတွေ အသုံးပြုတာနဲ့ တရုတ်လိင်ဝန်ဆောင်သူ(sex workers)တွေပါဝင်ခွင့်ပေးခဲ့တာကို စုံစမ်းသိ ရှိရတယ်လို့ The Thaiger သတင်းမှာဖော်ပြမှုအရ သိရပါတယ်။တိုင်ကြားစာအတွင်း ဘန်ကောက်ထောင်ပိုင်နဲ့ ထောင်ဝန်ထမ်းတစ်ချို့က ထောင်အတွင်းရှိ တရုတ်အကျဉ်း သား တွေအတွက် မိုင်ခရိုဝေ့၊ လျှပ်စစ်ကတ်လုံ၊ လေအေးပေးစက်၊ ဆေးလိပ် စတဲ့ပစ္စည်းတွေကို အခကြေး ငွေယူပြီး အသုံးပြုခွင့်ပေးတာ၊တရုတ်လိင်ဝန်ဆောင်သူ(sex workers)တွေကို မကြာခဏ ထောင်သို့ ခေါ်ဆောင်ပေးတာအပြင် လိင်ဝန်ဆောင်မှုတွေကို ထောင်လမ်းဆင့်အောက်ရှိ လျှို့ဝှက်အခန်းမှာ ဆောင်ရွက်ပေးထားပြီး ငှားရမ်းခ ဘတ်ဆယ်သိန်းကျော်ကျပ်အထိ ပေးရတဲ့နာမည်ကြီး တရုတ်မော်ဒယ်တစ်ယောက်လည်း ငှားရမ်းထားတယ်လို့ ဆိုပါတယ်။ဘန်ကောက်ထောင်အတွင်း call-centre scam နဲ့ ဖမ်းဆီးခံထားရတဲ့ တရုတ်နိုင်ငံသားတွေအနေနဲ့ ထောင် အတွင်း အခွင့်ထူးခံအနေနဲ့ နေထိုင်နေရကြောင်း ၂၀၂၂–၂၀၂၃ ခုနှစ်အတွင်း ထောင်ဒဏ်ခံခဲ့ရသူ နိုင်ငံရေး တက်ကြွလှုပ်ရှားသူ အက္ကာချိုင် ဟောင်ကံဝန် သူရဲ့ လူမှုကွန်ရက်မှာ ပြီးခဲ့တဲ့ ဇန်နဝါရှိလအတွင်းက ရေးသားခဲ့ပေမယ့် အဆိုပါအကြောင်းအရာကိုပြုပြင်ပြောင်းလဲရေးဌာနက မထင်ရှားကြောင်းတုန်ပြန်ခဲ့ပြီး နောက်ထပ် စစ်ဆေးမှုတွေ ဆက်လက်ပြုလုပ်မယ်လို့ တုန်ပြန်ထားတယ်လို့လည်းသိရပါတယ်။





news-view-count-icon

13