back

ရှမ်းတောင်တွင် စိုက်ပျိုးရေးလုပ်ငန်း တစ်နှစ်ထက်တစ်နှစ် ကျဆင်းလာနေ

Nov 21 • 4:08 AM

breaking-news

မြန်မာ

ရှမ်း

cover

ရှမ်းတောင်တွင် စိုက်ပျိုးရေးလုပ်ငန်း တစ်နှစ်ထက်တစ်နှစ် ကျဆင်းလာနေ

ရှမ်းပြည်တောင်ပိုင်း ပင်လောင်း၊ ဖယ်ခုံ နှင့် ဆီဆိုင်မြို့နယ်တို့၌ နယ်မြေမတည်ငြိမ်မှုများကြောင့် စိုက်ပျိုးရေးလုပ်ငန်း တစ်နှစ်ထက်တစ်နှစ် ကျဆင်းလာကြောင်း ဒေသခံမျ...

ရှမ်းပြည်တောင်ပိုင်း ပင်လောင်း၊ ဖယ်ခုံ နှင့် ဆီဆိုင်မြို့နယ်တို့၌ နယ်မြေမတည်ငြိမ်မှုများကြောင့် စိုက်ပျိုးရေးလုပ်ငန်း တစ်နှစ်ထက်တစ်နှစ် ကျဆင်းလာကြောင်း ဒေသခံများထံမှ သိရသည်။"လယ်မစိုက်နိုင်တာ ၃ နှစ်ရှိပြီ၊ တောင်ပေါ်မှာဆိုတော့ ဘာမှစိုက်လို့မရဘူး။ မျိုးစေ့တွေလည်း မဝယ်နိုင်ဘူးလေ၊ ဒီဘက်မှာ မြေအငှားချပေးတယ်၊ တစ်ရာသီစာဆို ဘယ်နှစ်သိန်းနဲ့ပေါ့ အဲလို လုပ်ဖို့ကလည်း မျိုးစေ့တောင်မဝယ်နိုင်ဘူး။ ပြီးရင် ဈေးကဘယ်လိုလာမယ် မသိဘူးလေ၊ ဘာမှလုပ်လို့မရဘူး စားရလွယ်တဲ့ ပဲသီး၊ မုန်ညှင်းတွေကိုပဲ တဲနားမှာ စိုက်ပြီး စားဖို့လုပ်ရတာပေါ့။ အဲမျိုးစေ့တွေကလည်း အလှူရှင်တွေက လာလှူပေးထားတာ၊ အသားကလည်း မစားဖူးတာ ကြာပြီ။ စပါးမစိုက်ရလို့ လယ်မြေတွေလည်း မာတယ်၊ ဘဝအသစ် ပြန်စရသလိုပဲပေါ့" ဟု ပင်လောင်း ဒေသခံတစ်ဦးက ပြောသည်။စိုက်ပျိုးဧက နည်းပါးသည့်အပြင် ယခုနှစ်အတွင်း ရှမ်းတောင်တွင် နယ်မြေမတည်ငြိမ်မှုများ နှင့် သဘာဝဘေးဒဏ်များကြောင့် သီးနှံများအထွက်နှုန်း လျော့နည်းသဖြင့် ဒေသတွင်းစားနပ်ရိက္ခာ ဖူလုံမှုမရှိခြင်းနှင့် ကြုံတွေ့နေရကြောင်း ဒေသခံများထံမှ သိရသည်။

news-view-count-icon

37