ဧရာဝတီတိုင်းအတွင်းက ရိုးရာနတ်ဒေဝါ ပူဇော်ပသပွဲ (နတ်ပွဲ)တွေမှာ မြန်မာ့ရိုးရာနဲ့မညီပဲ သရုပ်ပျက် ဝတ်စားဆင်ယင်မှုတွေနဲ့ ဖျော်ဖြေမှုတွေရှိနေတယ် လို့ ဧရာဝတီတိုင်း ဒေဝါစည်းကမ်း ထိန်းသိမ်းရေးကော်မတီ ဖွဲ့စည်းတဲ့ အခမ်းအနားမှာ ထုတ်ပြောခဲ့ပြီး ဒီအခြေအနေတွေကို ထိန်းသိမ်းကြဖို့ သတိပေးခဲ့ပါတယ်။မနေ့က နိုဝင်ဘာ ၂၀ ရက်နေ့မှာ မြန်မာနိုင်ငံဒေဝါပညာရှင်များ စည်းကမ်းထိန်းသိမ်းရေး ကော်မတီ-ဗဟိုက ဦးစီးပြီး ဧရာဝတီတိုင်း ဒေဝါစည်းကမ်း ထိန်းသိမ်းရေးကော်မတီကို ပုသိမ်မြို့မှာ ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။ ဒီအခြေအနေတွေကို ဝန်ကြီးဌာနဘက်ကနေ အရေးယူမှုတွေ လုပ်လာရင် ပိုဆိုးတဲ့ အကျိုးဆက်တွေ ရှိလာနိုင်တယ်လို့လည်း ဗဟိုကော်မတီ တာဝန်ရှိသူက ပြောပါတယ်။ထို့အပြင် ယစ်ပူဇော်ပွဲလိုမျိုး တိရိစ္ဆာန်အရှင်တွေကို ပူဇော်ပသခြင်းမပြုဖို့၊ ဗလိနတ်စာပူဇော်ခြင်းကို အကြောင်းပြပြီး အရက်၊ ဘီယာ လွန်ကျူးစွာသောက်စား မူးယစ် ရမ်းကားခြင်းတွေ မပြုလုပ်ဖို့ကိုလည်း တင်းကြပ် စွာ တားမြစ်ထားသည်ဟု ပြောပါသည်။



