back

ရှမ်းပြည်နယ်၊ဖယ်ခုံတွင် အလယ်ကယန်းဒေသရဲ့ ကယန်းနှစ်သစ်ကူးပွဲကျင်းပ

Nov 21 • 4:04 AM

breaking-news

မြန်မာ

ရှမ်း

cover

ရှမ်းပြည်နယ်၊ဖယ်ခုံတွင် အလယ်ကယန်းဒေသရဲ့ ကယန်းနှစ်သစ်ကူးပွဲကျင်းပ

၂၀၂၅ခုနှစ် နို၀င်ဘာလ ၂၀ရက်နေ့မှာ ကျရောက်တဲ့ ကယန်းသက္ကရာဇ် ၂၇၆၅ ခုနှစ်ရဲ့နှစ်သစ်ကို ကြိုဆိုတဲ့ ကယန်းနှစ်သစ်ကူးပွဲတွေကို ကယန်းလူမျိုးတွေနေထိုင်ရာ နေရာဒေသအသီးသီးမှ...

၂၀၂၅ခုနှစ် နို၀င်ဘာလ ၂၀ရက်နေ့မှာ ကျရောက်တဲ့ ကယန်းသက္ကရာဇ် ၂၇၆၅ ခုနှစ်ရဲ့နှစ်သစ်ကို ကြိုဆိုတဲ့ ကယန်းနှစ်သစ်ကူးပွဲတွေကို ကယန်းလူမျိုးတွေနေထိုင်ရာ နေရာဒေသအသီးသီးမှာ ကျင်းပပြုလုပ်လျက်ရှိပြီး ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ ကယန်းဒေသအမှတ် ၂မြို့နယ်၊ အလယ်ကယန်းဒေသ၊ ဆီးဘူးမှာလည်း ကယန်းနှစ်သစ်ကူးပွဲတစ်ရပ်ကို ကျင်းပပြုလုပ်ခဲ့ပါတယ်။မနက်အစောပိုင်း အခမ်းအနားမှာတော့ သဝဏ်လွှာများဖတ်ကြားခြင်း၊ ဆုရရှိတဲ့အဖွဲ့တွေကိုဆုချီးမြင့်ခြင်းနဲ့ ကယန်းရိုးရာဘုံအက၀ိုင်းဖွဲ့ကခြင်း စတဲ့အစီအစဉ်တွေနဲ့အတူ ကယန်းသက္ကရာဇ် ၂၇၆၅ ခုနှစ်ကို ကြိုဆိုခဲ့ကြတာဖြစ်ပါတယ်။

news-view-count-icon

64