ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးတက္ကသိုလ်ကို နိုဝင်ဘာ ၂၄ ရက်တွင် ပြန်ဖွင့်မည်ဖြစ်ကြောင်း သိရသည်။ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် သင်တန်းအားလုံး နိုဝင်ဘာ ၂၄ ရက်တွင် စတင်ဖွင့်လှစ်သွားမည်ဖြစ်ပြီး ကျောင်းဝင်မှတ်ပုံတင်ခြင်းကို နိုဝင်ဘာ ၁၇ ရက်နေ့မှစ၍ လက်ခံနေပြီဖြစ်ကြောင်း လားရှိုးတက္ကသိုလ်က အသိပေးထုတ်ပြန်ထားသည်။လားရှိုးဆေးရုံအား ပထမဆုံးပြန်ဖွင့်ခဲ့သလို ယခုအခါ တက္ကသိုလ်ပါ ပြန်လည်ဖွင့်လှစ်လာခြင်း ဖြစ်သည်။ 
| 31 | 0 | 0 | 0 |


