ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ရှိ အွန်လိုင်းလောင်းကစားမှုနှင့် လိမ်လည်မှုများ ပြုလုပ်ရာ ရွှေကုက္ကိုလ်နယ်မြေ အား လုံခြုံရေးပူးပေါင်းအဖွဲ့ဝင်များက ရှင်းလင်းဖမ်းဆီးမှုများ ပြုလုပ်လျက်ရှိရာ ယနေ့ နိုဝင်ဘာ ၂၀ ရက်နေ့ အထိ တရားမဝင် ပြည်ပနိုင်ငံသား စုစုပေါင်း ၁,၀၁၆ ဦး ကို ဖော်ထုတ် ထိန်းသိမ်းနိုင်ခဲ့ပြီးဖြစ်သည်။ နိုဝင်ဘာ ၂၀ ရက်တွင် ပြည်ပနိုင်ငံသား ၄၀၅ ဦး နှင့် နိုဝင်ဘာ ၁၉ ရက်တွင် ၂၆၅ ဦး တို့ကို ထပ်မံဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ခြင်းဖြစ်သည်။ ထိန်းသိမ်းခံရသူအားလုံးကို ရွှေကုက္ကိုလ်မြိုင်ကျေးရွာရှိ အဆောက်အအုံများ၌ ထားရှိပြီး၊ ၎င်းတို့အနက် ၆၀၀ ဦး ကို စစ်ဆေးပြီးနောက် သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံး ပြန်လည်လွှဲပြောင်းပေးနိုင်ရေးအတွက် ကိုယ်ရေးအချက်အလက်များ စာရင်းကောက်ယူလျက်ရှိသည်။ နိုဝင်ဘာ ၁၈ ရက်မှစ၍ ရှင်းလင်းရေး လုပ်ငန်းစဉ်အတွင်း အထပ်မြင့်အဆောက်အအုံများစွာကို စစ်ဆေးခဲ့ရာ ကွန်ပျူတာ/မော်နီတာ ၂,၆၅၃ လုံးနှင့် မိုဘိုင်းဖုန်းဟန်းဆက် ၂၁,၇၅၀ လုံး တို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။


