back

တရုတ်နိုင်ငံ၊ဟူနန်ပြည်နယ်၊ ချန်ရှားမြို့၌ 2025 World Computing Conference ဖွင့်လှစ်ကျင်းပ

Nov 21 • 4:02 AM

breaking-news

တရုတ်

ပြည်တွင်းသတင်း

cover

တရုတ်နိုင်ငံ၊ဟူနန်ပြည်နယ်၊ ချန်ရှားမြို့၌ 2025 World Computing Conference ဖွင့်လှစ်ကျင်းပ

2025 World Computing Conference ကို နိုဝင်ဘာ ၂၀ ရက်တွင် တရုတ်နိုင်ငံ ဟူနန်ပြည်နယ်၊ ချန်ရှားမြို့၌ ဖွင့်လှစ်ကျင်းပခဲ့သည်။ ယခုအကြိမ်ကွန်ဖရင့်ကို “အရာရာကို တွက်ချက...

2025 World Computing Conference ကို နိုဝင်ဘာ ၂၀ ရက်တွင် တရုတ်နိုင်ငံ ဟူနန်ပြည်နယ်၊ ချန်ရှားမြို့၌ ဖွင့်လှစ်ကျင်းပခဲ့သည်။ ယခုအကြိမ်ကွန်ဖရင့်ကို “အရာရာကို တွက်ချက်မှုဖြင့် ဟူနန်တွင် အနာဂတ်နှင့် ချိတ်ဆက်ခြင်း - စမတ်တွက်ချက်မှုဖြင့် အရည်အသွေးသစ် ကုန်ထုတ်စွမ်းအား မောင်းနှင်ခြင်း” ဟူသော ခေါင်းစဉ်ဖြင့် စက်မှုနှင့်သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာနနှင့် ဟူနန်ပြည်နယ်ပြည်သူ့အစိုးရတို့မှ အတူတကွ ကြီးမှူးကျင်းပခဲ့ခြင်းဖြစ်သည်။ ကွန်ဖရင့်ကျင်းပစဉ် ကာလအတွင်း အဆင့်မြင့်ဖွင့်ပွဲနှင့် အဓိကအကြောင်းအရာ အစီရင်ခံစာတင်ပြပွဲ ၁ ခု၊ တွက်ချက်မှုဆိုင်ရာ အဓိကကျသော ခေတ်ရှေ့ပြေးနယ်ပယ်များကို အာရုံစိုက်သည့် အထူးဆွေးနွေးပွဲ ၅ ခု၊ နည်းပညာဖြင့် စက်မှုလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကို စွမ်းဆောင်ရည်မြှင့်တင်ပေးသည့် ကာလတူအခမ်းအနား ၅ ခုနှင့် ဆန်းသစ်တီထွင်မှုရလဒ်ပြပွဲ ၁ ခု အပါအဝင် အခမ်းအနား ၁၂ ခု ကျင်းပမည်ဖြစ်သည်။

news-view-count-icon

24