back

ရန်ကုန် ပြင်သစ်ယဉ်ကျေးမှုဌာန၌ ကလေးများအတွက် Digital Experience Workshop ပြုလုပ်မည်

Nov 21 • 3:54 AM

breaking-news

မြန်မာ

ရန်ကုန်

cover

ရန်ကုန် ပြင်သစ်ယဉ်ကျေးမှုဌာန၌ ကလေးများအတွက် Digital Experience Workshop ပြုလုပ်မည်

ရန်ကုန်မြို့ရှိ ပြင်သစ်ယဉ်ကျေးမှုဌာန (IFB) သည် အသက် ၆ နှစ်မှ ၁၃ နှစ် အရွယ် ကလေးငယ်များအတွက် ရည်ရွယ်သည့် ဒစ်ဂျစ်တယ် အတွေ့အကြုံများဆိုင်ရာ စကားဝိုင်း အစီအစဉ်ကို န...

ရန်ကုန်မြို့ရှိ ပြင်သစ်ယဉ်ကျေးမှုဌာန (IFB) သည် အသက် ၆ နှစ်မှ ၁၃ နှစ် အရွယ် ကလေးငယ်များအတွက် ရည်ရွယ်သည့် ဒစ်ဂျစ်တယ် အတွေ့အကြုံများဆိုင်ရာ စကားဝိုင်း အစီအစဉ်ကို နိုဝင်ဘာ ၂၂ ရက်၊ နံနက် ၁၁ နာရီမှ မွန်းလွဲ ၁ နာရီအထိ တင်ဆက်သွားမည်ဖြစ်သည်။ အဆိုပါ စကားဝိုင်းတွင် မျက်မြင်ပုံရိပ်ယောင် (VR) ပြကွက်များ၊ အက်ပလီကေးရှင်း စမ်းသပ်မှုများ ပါဝင်သော ဒစ်ဂျစ်တယ်လှုပ်ရှားမှုများကို ထည့်သွင်းပြုလုပ်သွားမည်ဖြစ်ရာ ကလေးငယ်များသည် ခေတ်မီဒစ်ဂျစ်တယ် နည်းပညာနှင့် ဆန်းသစ်တီထွင်မှုများကို ထိတွေ့လေ့လာခွင့် ရရှိမည်ဖြစ်သည်။ စိတ်ပါဝင်စားသူများအနေဖြင့် ပြင်သစ်ယဉ်ကျေးမှုဌာန (IFB) တွင် အခမဲ့ ပါဝင်နိုင်ပြီး၊ ဧည့်ကြိုဌာနသို့ ဖုန်းနံပါတ် (+၉၅) ၉ ၄၀၆ ၅၉၆ ၆၁၁ သို့မဟုတ် (+၉၅) ၁၇ - ၅၃၇ ၁၂၂ သို့ ဆက်သွယ်၍ ကြိုတင်စာရင်းပေးသွင်းထားနိုင်ကြောင်း သိရသည်။

news-view-count-icon

22