back

(၆၀) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ စတုတ္ထနေ့တွင် ကျောက်မျက်အတွဲ ၆၇ တွဲ ရောင်းချနိုင်ခဲ့

Nov 21 • 3:52 AM

breaking-news

မြန်မာ

နေပြည်တော်

cover

(၆၀) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ စတုတ္ထနေ့တွင် ကျောက်မျက်အတွဲ ၆၇ တွဲ ရောင်းချနိုင်ခဲ့

နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်းခန်းမ၌ နိုဝင်ဘာ ၁၇ ရက်မှ ၂၆ ရက်အထိ ကျင်းပနေသည့် ၂၀၂၅ ခုနှစ် အကြိမ် (၆၀) မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ၏ စတုတ္ထနေ့တွင် ကျောက...

နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်းခန်းမ၌ နိုဝင်ဘာ ၁၇ ရက်မှ ၂၆ ရက်အထိ ကျင်းပနေသည့် ၂၀၂၅ ခုနှစ် အကြိမ် (၆၀) မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ၏ စတုတ္ထနေ့တွင် ကျောက်မျက်အတွဲပေါင်း ၁၆၀ ကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချပေးခဲ့ရာ ကျောက်မျက်အတွဲပေါင်း ၆၇ တွဲ ရောင်းချနိုင်ခဲ့ကြောင်း ထုတ်ပြန်ကြေညာသည်။ ပြပွဲစတင်ခဲ့ချိန်မှစ၍ လက်ရှိအချိန်အထိ ပုလဲအတွဲ ၄၄၃ တွဲနှင့် ကျောက်မျက်အတွဲ ၆၇ တွဲကို ရောင်းချပေးနိုင်ခဲ့ပြီးဖြစ်သည်။ ပဉ္စမနေ့တွင် ရောင်းချမည့် ကျောက်စိမ်းအတွဲ ၁,၀၀၀ အထိ ကိုလည်း ပြည်တွင်း၊ ပြည်ပ ရတနာကုန်သည်များက ကြည့်ရှုစစ်ဆေးလျက်ရှိပြီး၊ ကျန်ရှိနေသည့် ကျောက်စိမ်းအတွဲများကိုလည်း အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

news-view-count-icon

30