ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်အတွင်းရှိ သီပေါတံတား ကို နိုဝင်ဘာ ၁၄ ရက် နံနက်ပိုင်းမှစတင်၍ ယာဉ်ဖြတ်သန်းခွင့် ပိတ်ထားဆဲ ဖြစ်သော်လည်း လမ်းလျှောက် ဖြတ်သန်းခွင့်ကိုမူ ပြုထား ကြောင်း သိရသည်။ လက်ရှိတွင် မန္တလေး-လားရှိုး အတက်အဆင်းခရီးစဉ်များအတွက် လမ်းအစားထိုး လမ်းကြောင်းများ ဖြစ်သည့် လားရှိုး-မိုင်းရယ်-ကျေးသီး-တောင်ကြီး လမ်းပိုင်း၊ နောင်ပိန်-ရဲရွာ-နောင်လုံ-နမ့်လန်-ပန်ကေသု-ကျေးသီး-မိုင်းရယ် လမ်းပိုင်းနှင့် သီပေါ-နားမခေါ်-တာလုံ-ကျောက်မဲ လမ်းပိုင်းတို့မှ အဆင်ပြေစွာ သွားလာနိုင်ကြောင်း သတင်းရရှိသည်။ မန္တလေး-လားရှိုး ပြည်ထောင်စုလမ်းမကြီးအတိုင်း ခရီးစဉ်များကို အောက်တိုဘာ ၁၈ ရက်မှ စတင်၍လည်းကောင်း၊ ရန်ကုန်-လားရှိုး ခရီးစဉ်များကို နိုဝင်ဘာ ၈ ရက်မှ စတင်၍လည်းကောင်း ပြန်လည် သွားလာခွင့်ပြုထားသည်။
Nov 21 • 3:51 AM
မြန်မာ
ရှမ်း
မျှဝေမည်
| 19 | 0 | 0 | 0 |


