back

ရွှေကုက္ကိုမှ နိုင်ငံခြားသား ၉၀၀ ကျော်ကိုဖမ်းဆီးကာ ကွန်ပျူတာ ၃,၀၀၀ နဲ့ မိုဘိုင်းဖုန်း ၂၀,၀၀၀ ကျော်ကို သိမ်းဆည်းရရှိ

Nov 21 • 2:48 AM

breaking-news

မြန်မာ

ကရင်

cover

ရွှေကုက္ကိုမှ နိုင်ငံခြားသား ၉၀၀ ကျော်ကိုဖမ်းဆီးကာ ကွန်ပျူတာ ၃,၀၀၀ နဲ့ မိုဘိုင်းဖုန်း ၂၀,၀၀၀ ကျော်ကို သိမ်းဆည်းရရှိ

အွန်လိုင်းငွေလိမ်မှု ကျားဖြန့်လုပ်ငန်းအဓိကတည်ရှိရာ ထိုင်းမြန်မာနယ်စပ်၊ မြ၀တီမြို့အနီးရှိ ရွှေကုက္ကိုမြို့မှာ နိုင်ငံခြားသား ၉၀၀ ကျော်ကို ဖမ်းဆီးမိပြီး ကွန်ပျ...

အွန်လိုင်းငွေလိမ်မှု ကျားဖြန့်လုပ်ငန်းအဓိကတည်ရှိရာ ထိုင်းမြန်မာနယ်စပ်၊ မြ၀တီမြို့အနီးရှိ ရွှေကုက္ကိုမြို့မှာ နိုင်ငံခြားသား ၉၀၀ ကျော်ကို ဖမ်းဆီးမိပြီး ကွန်ပျူတာအလုံး ၃,၀၀၀ ခန့်နဲ့ မိုဘိုင်းဖုန်း ၂၀,၀၀၀ ကျော်ကို သိမ်းဆည်းရရှိခဲ့တယ်လို့ ထိုင်းသတင်းဌာန တစ်ခုဖြစ်တဲ့ Reporters မှာ သတင်းဖော်ပြထားပါတယ်။ သုံးရက်ကြာ နှိမ်နင်းမှုအတွင်း နိုင်ငံခြားသား ၉၀၀ ကျော်ကို ဖမ်းဆီးမိပြီး ဖမ်းဆီးခံရသူ အများစုမှာ တရုတ်နိုင်ငံသားများ ဖြစ်ကြတယ်လို့ဆိုပါတယ်။ သူတို့အထဲက လူ ၃၄၆ ဦးကို နိုဝင်ဘာလ ၁၈ ရက်နေ့က ဖမ်းမိပြီး လူပေါင်း ၂၆၄ ဦး နိုဝင်ဘာလ ၁၉ ရက်နေ့ ဖမ်းမိသလို နိုဝင်ဘာ ၂၀ ရက်နေ့မှာ ၂၀၀ ကျော်ကို ထပ်မံ ဖမ်းဆီးခဲ့တယ်လို့ပြောပါသည်။အဆောက်အအုံ ၂၀ ကို ရှာဖွေစဉ် ကွန်ပျူတာ ၃,၀၀၀ နီးပါးနဲ့ မိုဘိုင်းဖုန်း ၂၀,၀၀၀ ကျော်ကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

news-view-count-icon

16