အီတလီလက်ရွေးစင်အသင်းနည်းပြ ဂတ်တူဆိုက ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ Play-offs အဆင့်မှာ ရင်ဆိုင်ရမယ့် မြောက်အိုင်ယာလန်အသင်းကို လျှော့မတွက်ဖို့ ကစားသမားတွေကို သတိပေးခဲ့ကြောင်း သိရပါတယ်။အီတလီအသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ ဥရောပဇုန် အုပ်စုအဆင့်မှာ နော်ဝေရဲ့နောက် ဒုတိယသာ ရရှိခဲ့တာကြောင့် တိုက်ရိုက်ခြေစစ်ပွဲမအောင်မြင်ဘဲ Play-offs အဆင့် ထပ်ကစားရမှာဖြစ်ပါတယ်။အီတလီအသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ချန်ပီယံဆု (၄)ကြိမ်ရရှိထားတဲ့အသင်းဖြစ်ပေမဲ့ နောက်ဆုံးကမ္ဘာ့ဖလားပြိုင်ပွဲနှစ်ကြိမ်ဆက် ခြေစစ်ပွဲအောင်မြင်ခြင်းမရှိခဲ့ဘဲ ၂၀၁၈ တုန်းက Play-offs အဆင့်မှာ ဆွီဒင်ကို ရှုံးနိမ့်ခဲ့သလို၊ ၂၀၂၂ တုန်းကလည်း Play-offs အဆင့်မှာ မြောက်မက်ဆီဒိုးနီးယားကို ရှုံးနိမ့်ခဲ့ရပါတယ်။
Nov 21 • 2:48 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 26 | 0 | 0 | 0 |


