ပြည်တွင်းတွင် လက်ရှိ မုန်ညင်း၊ ငရုတ်ပွ၊ ဘိုစားပဲ နှင့် မုန်လာဉနီ အစရှိ ရှမ်းကုန်စိမ်းများမှာ ယခင်လထက် နှစ်ဆနီးပါးမြင့် တက်နေကြောင်း သိရပြီး အဆိုပါ ရှမ်းကုန်များမှာ နှစ်စဉ်ဆောင်းရာသီ ကာလတွင် စျေးတက်လေ့ရှိကြောင်း လည်းသိရပါသည်။စျေးကွက်အတွင်းသို့ အဝင်နည်းနေသောကြောင့် ကုန်စိမ်းတစ်ချို့ စျေးတက်နေကြောင်း ကုန်စိမ်း အရောင်းအဝယ် လုပ်သူများထံ မှ သိရပါသည်။မိုးအကုန် ဆောင်းရာသီအကူး ပွင့်လင်းရာသီ ရောက်လာပြီးဖြစ်၍ ခရီးသွားများသည့်ကာလ ဖြစ်သောကြောင့် ဟိုတယ်လုပ်ငန်းများ နှင့် စားသောက်ဆိုင်များမှာလည်း အဆိုပါ ကုန်စိမ်းများအား အသုံးပြုမှုများလာကြောင်း လည်း သိရပါသည်။



