back

ကချင်ပြည်နယ်၊ဗန်းမော်မြို့ရှိ ဧက ၆,၀၀၀ကျော် မြေကို တိုးချဲ့ကြိုးပြင် ကာကွယ်တော အဖြစ်သတ်မှတ်

Nov 21 • 2:46 AM

breaking-news

မြန်မာ

ကချင်

cover

ကချင်ပြည်နယ်၊ဗန်းမော်မြို့ရှိ ဧက ၆,၀၀၀ကျော် မြေကို တိုးချဲ့ကြိုးပြင် ကာကွယ်တော အဖြစ်သတ်မှတ်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ဗန်းမော် မြို့နယ်အတွင်း က ဧရိယာ ၆၀၀၀ ဧကကျော် ရှိနယ်မြေကို မိုးစစ် (တိုးချဲ့)ကြိုးပြင်ကာကွယ်တောအဖြစ်သတ်မှတ်လိုက်တယ်လို့ သယံဇာတနှင့်သ...

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ဗန်းမော် မြို့နယ်အတွင်း က ဧရိယာ ၆၀၀၀ ဧကကျော် ရှိနယ်မြေကို မိုးစစ် (တိုးချဲ့)ကြိုးပြင်ကာကွယ်တောအဖြစ်သတ်မှတ်လိုက်တယ်လို့ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးဝန်ကြီးဌာန က သိရပါတယ်။အခုလို မိုးစစ်(တိုးချဲ့)ကြိုးပြင်ကာကွယ်တောသတ်မှတ်လိုက်တဲ့အတွက် အထက်ရွက်ပြတ်ရောနှောတောစို သစ်မျိုး တွေ ဖြစ်တဲ့ ကျွန်း၊ အင်ကြင်း၊ ထောက်ကြံ့၊ ဖန်ခါး၊ သစ်ဖြူ၊ လက်ပံ၊ တောင်တမာ၊ တောသရက်၊ ကညင်၊ မအူ၊ သပြေ၊ တင်းဝါး၊ ဝါးဖြူ၊ ဝါးပိုး၊ သိုက်ဝါး၊ တောင်ကြိမ်၊ ကြိမ်နီစတဲ့ ဒေသမျိုးရင်းတွေကို ထိန်းသိမ်းနိုင်မယ့်အပြင် ဂျီ၊ ဆတ်၊ ပြောင်၊ စိုင်၊ မျောက်၊ တောကြောင်၊ တောကြက်နဲ့ ကျေးငှက်မျိုးစုံစတဲ့ တောရိုင်းတိရစ္ဆာန် တွေရဲ့ နေထိုင်ကျက်စားရာဒေသတွေကိုလည်း ထိန်းသိမ်းကာကွယ်သွားနိုင်မှာဖြစ်တယ်လို့သိရပါတယ်။ဒေသအခေါ် ခနွဲ့ချောင်းရေဝေရေလဲဧရိယာတွေ ထိန်းသိမ်းကာကွယ်နိုင်တာ၊ ဒေသခံပြည်သူ တွေရဲ့ အခြေခံလိုအပ်ချက်ဖြစ်တဲ့ သစ်၊ ထင်း၊ ဝါး၊ ကြိမ် နဲ့ တခြားသစ်တောထွက်ပစ္စည်းတွေကို ဖြည့်ဆည်းပေးနိုင်တာ ၊ သစ်တောဖုံးလွှမ်းမှု တိုးတက်လာပြီး ရာသီဥတုမျှတကောင်းမွန်လာနိုင်တာ စတဲ့ အကျိုးကျေးဇူး တွေကိုလည်းရရှိသွားနိုင်မှာဖြစ်ပါတယ်။

news-view-count-icon

23