back

ကရင်ပြည်နယ်တွင် ပရာစုဆွေမျိုးစုကော်မတီမှဦးဆောင်ပြီး ပထမအကြိမ် ကယန်းနှစ်သစ်ကူးပွဲ ပြုလုပ်

Nov 21 • 2:45 AM

breaking-news

မြန်မာ

ကရင်

cover

ကရင်ပြည်နယ်တွင် ပရာစုဆွေမျိုးစုကော်မတီမှဦးဆောင်ပြီး ပထမအကြိမ် ကယန်းနှစ်သစ်ကူးပွဲ ပြုလုပ်

‎ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့အရှေ့ဖက်ခြမ်း ကလေတကျေးရွာအုပ်စု၊ ပရယ်စုရွာသစ်ကျေးရွာမှာ ပရာစုဆွေမျိုးစု ကော်မတီအဖွဲ့ဝင်များမှဦးဆောင်ပြီး ကယန်းနှ...

‎ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့အရှေ့ဖက်ခြမ်း ကလေတကျေးရွာအုပ်စု၊ ပရယ်စုရွာသစ်ကျေးရွာမှာ ပရာစုဆွေမျိုးစု ကော်မတီအဖွဲ့ဝင်များမှဦးဆောင်ပြီး ကယန်းနှစ် ၂၇၆၅ နှစ် ကယန်းနှစ်သစ်ကူးပွဲကို ကျင်းပပြုလုပ်ခဲ့ပါတယ်။

‎ကယန်းနှစ်သစ်ကူးအကြိုညမှာ ကယန်းအမျိုးသားအလံကိုကိုင်ဆောင်ကာချီတက် အလံတင်ခြင်း၊ ကယန်းဘုံအကဝိုင်းဖွဲ့ကခြင်း၊ ညပိုင်းဖျော်ဖြေရေးအစီအစဥ်အဖြစ် ကယန်းအကပဒေသာတင်ဆက်ကပြခြင်းနဲ့ ညသန်းခေါင် နှစ်သစ်ကြိုခြင်း အစီအစဥ်တွေပါ၀င်ပါတယ်။‎ပရာစုဆွေမျိုးစုမှ ပထမအကြိမ်အဖြစ်ဦးဆောင်ပြုလုပ်တဲ့ ကယန်းနှစ်သစ်ကူးပွဲမှာ ဖိတ်ကြားထားတဲ့ဧည့်သည်တော်တွေနဲ့ ရွာသူရွာ/သား၊ ကျောင်းသူ၊ ကျောင်းသားတွေ အပါအဝင် လူဦးရေ ၃၅၀ ခန့်ပါဝင်တက်ရောက်ခဲ့ပါတယ်။

news-view-count-icon

28