မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ မကျည်းပင်ပုကျေးရွာအုပ်စု၊ စေသူ့ရှင်ကုန်းကျေးရွာ ဘုရားဝင်းအတွင်း မှာရှိတဲ့ ကြေးပိဿာချိန် ၇၅ ပိဿာရှိ ကြေးခေါင်းလောင်းကြီးတစ်ခု ပျောက်ဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ကြေးခေါင်းလောင်းကြီး ပျောက်ဆုံးသွားတဲ့အတွက် ကျေးရွာသားတွေအနေနဲ့ စိတ်မကောင်းဖြစ်ရပြီး အမြန်ဆုံး တွေ့ရှိဖို့ မျှော့်လင့်တယ်လို့ စေသူ့ရှင်ကုန်း ကျေးရွာတာဝန်ခံ ဦးသောင်းဌေးက ပြောပါတယ်။ ပျောက်ဆုံးသွားတဲ့ ကြေးခေါင်းလောင်းကြီးကို တွေ့ရှိရင် နီးစပ်ရာတာဝန်ရှိသူတွေနဲ့ ရဲစခန်းတွေကို အကြောင်း ကြားပေးကြဖို့ ကျေးရွာသူကျေးရွာသားတွေက ပြောပါတယ်။



