back

China Media Group မှ ထုတ်လုပ်သည့် "Hotline Beijing" မှတ်တမ်းရုပ်ရှင် နယူးဇီလန်၊ အောကလန်၌ ပြသ

Nov 21 • 1:00 AM

breaking-news

တရုတ်

ပြည်တွင်းသတင်း

cover

China Media Group မှ ထုတ်လုပ်သည့် "Hotline Beijing" မှတ်တမ်းရုပ်ရှင် နယူးဇီလန်၊ အောကလန်၌ ပြသ

China Media Group မှ ရုပ်ရှင်နှင့် ရုပ်သံဇာတ်လမ်းတွဲ ဘာသာပြန်ထုတ်လုပ်ရေးစင်တာနှင့် အာရှ-ပစိဖိတ်ဌာနခွဲတို့ ပူးပေါင်းကျင်းပသော "Hotline Beijing" မှတ်တမ်းရုပ်ရှင်၏...

China Media Group မှ ရုပ်ရှင်နှင့် ရုပ်သံဇာတ်လမ်းတွဲ ဘာသာပြန်ထုတ်လုပ်ရေးစင်တာနှင့် အာရှ-ပစိဖိတ်ဌာနခွဲတို့ ပူးပေါင်းကျင်းပသော "Hotline Beijing" မှတ်တမ်းရုပ်ရှင်၏ ကမ္ဘာလှည့်ပြပွဲ ကို နိုဝင်ဘာ ၁၈ ရက်နေ့၊ ဒေသစံတော်ချိန်ဖြင့် နယူးဇီလန်နိုင်ငံ အောကလန်မြို့ ၌ အထူးပြသခဲ့သည်။ အဆိုပါပြပွဲအခမ်းအနားသို့ အောကလန်မြို့ဆိုင်ရာ တရုတ်ကောင်စစ်ဝန်ချုပ် ချန်ရှီကျိုးနှင့် အောကလန်မြို့တော်ဝန် ဝိန်း ဘရောင်းတို့ တက်ရောက်မိန့်ခွန်းပြောကြားခဲ့ကြသည်။ ပြပွဲသို့ နယူးဇီလန်နိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ ရုပ်ရှင်၊ ယဉ်ကျေးမှုနှင့် အနုပညာနယ်ပယ်မှ ဧည့်သည်တော်များနှင့် နယူးဇီလန်ရောက် တရုတ်နွယ်ဖွား အသင်းအဖွဲ့များမှ ဧည့်သည်ပေါင်း ၁၀ဝ ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

news-view-count-icon

19