စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့တွင် ရှမ်းနှစ် ၂၁၂၀ နှစ်သစ်ကူးအထိမ်းအမှတ် အဖြစ် ချင်းတွင်း-ဥရု ရှမ်းနီလူငယ် (ပါရမီ) စာကြည့်တိုက် ဖွင့်ပွဲကို နိုဝင်ဘာ ၂၀ ရက်နေ့ နံနက်ပိုင်းက စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။ အဆိုပါ စာကြည့်တိုက် ဖွင့်ပွဲအခမ်းအနားတွင် ချင်းတွင်း-ဥရု ရှမ်းနီလူငယ်ကွန်ရက် အကြီးအကဲ ဦးစိုင်းနိုင်နိုင်ကျော်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး၊ ဟုမ္မလင်းမြို့မကျောင်းမှ ဆရာတော် ဦးဣန္ဒဝံသ၊ ခရိုင်နှင့် မြို့နယ်အဆင့် စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌများအပါအဝင် တာဝန်ရှိသူများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြသည်။ အဆောက်အဦတန်ဖိုး ကျပ်သိန်း ၁,၆၀၀ ကျော် တန်ဖိုးရှိသည့် ဤစာကြည့်တိုက်ကို ကွန်ပျူတာ ၁၀ လုံးနှင့် စာအုပ်ပေါင်း ၃,၀၄၇ အုပ် ဖြင့် စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။ ဧည့်ခံဖျော်ဖြေပွဲတွင် ရှမ်းရိုးရာအစားအစာများဖြင့် တည်ခင်းဧည့်ခံကာ ကိန္နရီ-ကိန္နရာနှင့် တိုးနရားအကများဖြင့် ဖျော်ဖြေခဲ့ကြကြောင်း သိရသည်။

ရှမ်းနှစ် ၂၁၂၀ နှစ်သစ်ကူးအထိမ်းအမှတ် ချင်းတွင်း-ဥရု ရှမ်းနီလူငယ် (ပါရမီ) စာကြည့်တိုက် ဟုမ္မလင်းမြို့တွင် ဖွင့်လှစ်
Nov 21 • 12:59 AM
မြန်မာ
စစ်ကိုင်း
မျှဝေမည်
| 15 | 0 | 0 | 0 |


