back

စာဆိုတော်နေ့အထိမ်းအမှတ် MPT မှ ထားဝယ်ခရိုင်ပြည်သူ့စာကြည့်တိုက်အတွက် စာအုပ် ၂၃၇ အုပ် လှူဒါန်း

Nov 21 • 1:01 AM

breaking-news

မြန်မာ

တနင်္သာရီ

cover

စာဆိုတော်နေ့အထိမ်းအမှတ် MPT မှ ထားဝယ်ခရိုင်ပြည်သူ့စာကြည့်တိုက်အတွက် စာအုပ် ၂၃၇ အုပ် လှူဒါန်း

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်အတွက် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) က စာဆိုတော်နေ့အထိမ်းအမှတ်အ...

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်အတွက် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) က စာဆိုတော်နေ့အထိမ်းအမှတ်အဖြစ် စာအုပ်များလှူဒါန်းပွဲ အခမ်းအနားကို ယနေ့ နိုဝင်ဘာ ၂၀ ရက် မွန်းလွဲပိုင်းတွင် ခရိုင်လူထုအခြေပြုဗဟိုဌာန၌ ကျင်းပခဲ့သည်။ MPT ဝန်ထမ်းများ စုပေါင်းလှူဒါန်းခဲ့သည့် စာအုပ် ၂၃၇ အုပ် ကို တိုင်းဒေသကြီးမန်နေဂျာ ဦးဇော်နိုင်လင်းက ပေးအပ်လှူဒါန်းခဲ့ရာ တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှူး က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့သည်။ ယခုလှူဒါန်းရခြင်း၏ ရည်ရွယ်ချက်မှာ အများပြည်သူများအကြား စာပေဖတ်ရှုခြင်းအလေ့အထ တိုးတက်လာစေရန်နှင့် လူငယ်များအကြားတွင် စာဖတ်ရှိန် မြှင့်တင်နိုင်စေရန်အတွက် ဖြစ်ကြောင်း MPT တိုင်းဒေသကြီးမန်နေဂျာက ပြောကြားခဲ့သည်။

news-view-count-icon

24