back

ဖိလစ်ပိုင်မြို့တော်ဝန်ဟောင်း အဲလစ် ဂေါ်အား လူကုန်ကူးမှုဖြင့် ထောင်ဒဏ်တစ်သက် ချမှတ်

Nov 21 • 12:54 AM

breaking-news

မြန်မာ

ပြည်ပ

cover

ဖိလစ်ပိုင်မြို့တော်ဝန်ဟောင်း အဲလစ် ဂေါ်အား လူကုန်ကူးမှုဖြင့် ထောင်ဒဏ်တစ်သက် ချမှတ်

ဖိလစ်ပိုင်နိုင်ငံ တရားရုံးတစ်ခုက မြို့တော်ဝန်ဟောင်း အဲလစ် ဂေါ်အား လူကုန်ကူးမှုဖြင့် အပြစ်ရှိကြောင်း ဆုံးဖြတ်ပြီး ထောင်ဒဏ်တစ်သက် ချမှတ်ခဲ့ကြောင်း သမ္မတ၏ ရာဇဝတ်မှ...

ဖိလစ်ပိုင်နိုင်ငံ တရားရုံးတစ်ခုက မြို့တော်ဝန်ဟောင်း အဲလစ် ဂေါ်အား လူကုန်ကူးမှုဖြင့် အပြစ်ရှိကြောင်း ဆုံးဖြတ်ပြီး ထောင်ဒဏ်တစ်သက် ချမှတ်ခဲ့ကြောင်း သမ္မတ၏ ရာဇဝတ်မှုတိုက်ဖျက်ရေးကော်မရှင်က ပြောကြားသည်။ ဂေါ်သည် ၂၀၂၂ ခုနှစ်တွင် မြို့တော်ဝန်မယှဉ်ပြိုင်မီက မနီလာမြောက်ဘက်ရှိ ဘမ်ဘန်မြို့ ၌ နိုင်ငံခြားသားများကို ခန့်အပ်ကာ အွန်လိုင်းငွေလိမ်လုပ်ငန်းများ လုပ်ကိုင်သည့် Baotu Land Development Inc. ပိုင်ဆိုင်သော ရှစ်ဟက်တာကျယ်ဝန်းသည့် လုပ်ငန်းအဆောက်အအုံကို ထူထောင်ရာတွင် ကူညီပေးခဲ့ခြင်းဖြစ်သည်။ ဤလုပ်ငန်းတွင် အလုပ်သမားများသည် ရင်းနှီးမြှုပ်နှံမှုနှင့် အတုအယောင်အချစ်ဇာတ်လမ်းများဖြင့် လိမ်လည်မှုများပြုလုပ်ရန် အတင်းအကျပ်ခိုင်းစေခံရပြီး၊ သတ်မှတ်ပမာဏမပြည့်မီပါက ရိုက်နှက်ခံရခြင်း သို့မဟုတ် လျှပ်စစ်ကျင်စက်ဖြင့်တို့ခံရခြင်းများ ခံခဲ့ရကြောင်း ဝန်ထမ်းများက ထွက်ဆိုခဲ့သည်။ 

news-view-count-icon

29