back

လှိုင်းဒဏ်ကြောင့် ဝမ်းဗိုက်ပေါက်သွားသည့် ထိုင်းခရီးသည်တင်သင်္ဘောပေါ်မှ လူ ၉၇ ဦးကို ကယ်ဆယ်နေ

Nov 21 • 12:56 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

လှိုင်းဒဏ်ကြောင့် ဝမ်းဗိုက်ပေါက်သွားသည့် ထိုင်းခရီးသည်တင်သင်္ဘောပေါ်မှ လူ ၉၇ ဦးကို ကယ်ဆယ်နေ

ထိုင်းပင်လယ်ပြင်၌ ခို့ကရာဒတ်ဧရိယာအနီး သို့ ရောက်ရှိစဉ် လှိုင်းလေပြင်းထန်မှုကြောင့် ဝမ်းဗိုက်ပေါက်ကာ ရေဝင်ရောက် ခဲ့သည့် ခရီးသည်တင်သင်္ဘောပေါ်တွင် လိုက်ပါလာသူ ၉၇ ...

ထိုင်းပင်လယ်ပြင်၌ ခို့ကရာဒတ်ဧရိယာအနီး သို့ ရောက်ရှိစဉ် လှိုင်းလေပြင်းထန်မှုကြောင့် ဝမ်းဗိုက်ပေါက်ကာ ရေဝင်ရောက် ခဲ့သည့် ခရီးသည်တင်သင်္ဘောပေါ်တွင် လိုက်ပါလာသူ ၉၇ ဦး မှာ ရင်တမမ ဖြစ်ခဲ့ရသည်။ အဆိုပါသင်္ဘောသည် ထရတ်ခရိုင်၊ ခို့ကွတ်မြို့နယ်မှ လမ်ဆော့ခ်ဆိပ်ကမ်းသို့ ဦးတည်လာစဉ် နံနက် ၁၀ နာရီ ၄၅ မိနစ်ခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ သင်္ဘောကုမ္ပဏီမန်နေဂျာ၏ အကူအညီတောင်းခံမှုအရ ထရတ်ခရိုင်ရေကြောင်းထိန်းသိမ်းရေးကွပ်ကဲမှုဌာနနှင့် ရေတပ်စစ်ရေယာဉ်စု (၁) တို့သည် ကင်းလှည့်ရေယာဉ် T.114 ကို စေလွှတ်ခဲ့သည်။ လက်ရှိတွင် ခရီးသည် ၂၀ ဦး ကို ချွန်လာတီးစပိဘုတ်ဆိပ်ကမ်းသို့ ဘေးကင်းစွာ ပို့ဆောင်ပေးနိုင်ခဲ့ပြီးဖြစ်ကာ၊ ဖြစ်စဉ်အတွင်း အချို့ခရီးသည်များ အနည်းငယ် ထိခိုက်ဒဏ်ရာရရှိခဲ့သည် ဟု သိရသည်။

news-view-count-icon

24