back

ကရင်နယ်ခြားစောင့်တပ်/KNA နှိမ်နင်းမှုမတိုင်မီ ရွှေကုက္ကိုလ်မြိုင်ရှိ အွန်လိုင်းလိမ်လည်မှုဂိုဏ်းဝင်များ ထွက်ပြေး

Nov 21 • 12:53 AM

breaking-news

မြန်မာ

ကရင်

cover

ကရင်နယ်ခြားစောင့်တပ်/KNA နှိမ်နင်းမှုမတိုင်မီ ရွှေကုက္ကိုလ်မြိုင်ရှိ အွန်လိုင်းလိမ်လည်မှုဂိုဏ်းဝင်များ ထွက်ပြေး

ကရင်နယ်ခြားစောင့်တပ် ထိန်းချုပ်နယ်မြေဖြစ်သော ရွှေကုက္ကိုလ်မြိုင်၌ နိုဝင်ဘာ ၁၇ ရက်နေ့တွင် "ကျားဖြန့်" အွန်လိုင်းလိမ်လည်မှုကွန်ရက်များကို ပစ်မှတ်ထားသော အထူးစစ်ဆင်...

ကရင်နယ်ခြားစောင့်တပ် ထိန်းချုပ်နယ်မြေဖြစ်သော ရွှေကုက္ကိုလ်မြိုင်၌ နိုဝင်ဘာ ၁၇ ရက်နေ့တွင် "ကျားဖြန့်" အွန်လိုင်းလိမ်လည်မှုကွန်ရက်များကို ပစ်မှတ်ထားသော အထူးစစ်ဆင်ရေးစတင်ကြောင်း ကြေညာပြီးနောက် တစ်ညတည်းအတွင်း အွန်လိုင်းလိမ်လည်မှုဂိုဏ်းဝင်များသည် ထွက်ပြေးတိမ်းရှောင်ခဲ့ကြကြောင်း ဒေသခံများက ပြောသည်။ ထွက်ပြေးသူအများစုမှာ တရုတ်နိုင်ငံသားများ ဖြစ်ကြသည်ဟု ယူဆရပြီး၊ ၎င်းတို့ ထွက်ပြေးကြောင်းကို သက်သေပြသည့်အနေဖြင့် ဒေသတွင်းရှိ တရုတ်ဘာသာဖြင့် ရေးသားထားသော ဆိုင်များ၏ ဆိုင်းဘုတ်များကိုလည်း အလျင်အမြန် ဖုံးအုပ်ခြင်း သို့မဟုတ် ဖယ်ရှားခြင်းများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများက ဆိုသည်။

news-view-count-icon

25