သီတဂူဆရာတော်ကြီးသည် ယနေ့ နိုဝင်ဘာ ၂၀ ရက် ညနေပိုင်းက ၂၀၂၅ ခုနှစ် မန္တလေးငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့ရသော စစ်ကိုင်းတောင်ရိုးရှိ ဘုရားစေတီပုထိုးကြီးများ၏ ပြုပြင်ပြီးစီးမှု အခြေအနေများ ကို ကြည့်ရှုစစ်ဆေးခဲ့သည်။ ဆရာတော်ကြီးသည် ရာဇမဏိစူဠာကောင်းမှုတော်၊ မင်္ဂလာမဟာ၊ ရတနာစေတီဆင်များရှင်၊ ရှင်ပင်နံကိုင်း၊ မဟိယင်္ဂန၊ မဟာစည်းခုံကြီး၊ ရတနာထွဋ်ခေါင်နှင့် ဆွမ်းဦးပုညရှင် စသည့် စေတီတော်ကြီးများ၏ ပြုပြင်မွမ်းမံမှု လုပ်ငန်းများကို ကြည့်ရှုခဲ့ခြင်းဖြစ်သည်။ ၇ လတာကျော် ကြာမြင့်ခဲ့ပြီဖြစ်သော စေတီပုထိုးများ ပြန်လည်ကောင်းမွန်ရေးလုပ်ငန်းများကို သီတဂူဆရာတော်ကြီး၏ ဦးဆောင်မှုဖြင့် အချိန်ယူ၍ အာရုံစိုက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Nov 21 • 12:50 AM
မြန်မာ
စစ်ကိုင်း
မျှဝေမည်
| 40 | 0 | 0 | 0 |


