ဂျပန်နိုင်ငံတောင်ပိုင်း၊ အိုအီတာမြို့ရှိ ဆာဂါနိုဆေ့ခ်ခရိုင်၏ ကမ်းရိုးတန်းမြို့တစ်မြို့တွင် အင်္ဂါနေ့ (နိုဝင်ဘာ ၁၈ ရက်) ညနေ ၅း၄၀ နာရီခန့်က စတင်လောင်ကျွမ်းခဲ့သော မီးကြောင့် နေအိမ်အဆောက်အအုံ ၁၇၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ပြီး တစ်ညလုံး လောင်ကျွမ်းခဲ့ကြောင်း နိုင်ငံတော်မီးသတ်ဌာနက ဗုဒ္ဓဟူးနေ့ (နိုဝင်ဘာ ၁၉ ရက်) တွင် ပြောကြားခဲ့သည်။ မီးတောက်များသည် အနီးနားရှိ တောထူထပ်သော တောင်စောင်းများအထိ ကူးစက်ခဲ့သည်။ မီးနှင့် သဘာဝဘေး စီမံခန့်ခွဲရေးဌာန၏ အဆိုအရ ဒေသခံ ၁၇၅ ဦးခန့် ကို အရေးပေါ် ခိုလှုံရေးစခန်းသို့ ရွှေ့ပြောင်းပေးခဲ့ရပြီး၊ လက်ရှိတွင် လူတစ်ဦး ပျောက်ဆုံးလျက်ရှိနေ ကြောင်းနှင့် မီးလောင်မှုအကြောင်းရင်းကို စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း သိရသည်။
Nov 21 • 12:49 AM
ဂျပန်
ပြည်တွင်းသတင်း
မျှဝေမည်
| 19 | 0 | 0 | 0 |


