back

ဗီယက်နမ် အလယ်ပိုင်း၌ ရေကြီးမြေပြိုမှုကြောင့် လူ ၈ ဦးသေဆုံးပြန်

Nov 21 • 12:48 AM

breaking-news

ဗီယက်နမ်

ပြည်တွင်းသတင်း

cover

ဗီယက်နမ် အလယ်ပိုင်း၌ ရေကြီးမြေပြိုမှုကြောင့် လူ ၈ ဦးသေဆုံးပြန်

ပြီးခဲ့သည့် သီတင်းပတ်ကုန်ပိုင်းမှစ၍ ဗီယက်နမ်နိုင်ငံ အလယ်ပိုင်းဒေသတွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့ခြင်းကြောင့် ရေကြီးရေလျှံမှုနှင့် မြေပြိုမှုများ ဖြစ်ပွားခဲ့ရာ လ...

ပြီးခဲ့သည့် သီတင်းပတ်ကုန်ပိုင်းမှစ၍ ဗီယက်နမ်နိုင်ငံ အလယ်ပိုင်းဒေသတွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့ခြင်းကြောင့် ရေကြီးရေလျှံမှုနှင့် မြေပြိုမှုများ ဖြစ်ပွားခဲ့ရာ လူ ၈ ဦး ထက်မနည်း သေဆုံးခဲ့ပြီး ၇ ဦး ပျောက်ဆုံး လျက်ရှိကြောင်း အစိုးရက နိုဝင်ဘာ ၁၉ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။ နိုဝင်ဘာ ၁၅ ရက် ညပိုင်းမှစ၍ အချို့ဒေသများတွင် မိုးရေချိန် ၁,၁၀၀ မီလီမီတာအထိ ရွာသွန်းခဲ့ပြီး၊ ဒါလတ်-နာထရန် လမ်းတွင် မြေပြိုမှုကြောင့် ဘတ်စ်ကားခရီးသည် ၆ ဦး သေဆုံးခဲ့မှုလည်း ပါဝင်သည်။ ထို့အပြင် မြေနိမ့်ပိုင်းရှိ ကော်ဖီခြံများတွင် ရေကြီးနေပြီး မိုးဆက်လက်သည်းထန်နေမှုကြောင့် ကော်ဖီစေ့ ၁၀% မှ ၁၅% ခန့်သာ ခူးဆွတ်ရသေးသည့် လက်ရှိ ကော်ဖီခူးဆွတ်ချိန်ကို ထိခိုက်နှောင့်နှေးစေနိုင်ကြောင်း ကုန်သည်များက သတိပေးခဲ့သည်။

news-view-count-icon

19