တရုတ်နိုင်ငံသည် ဂျပန်ပင်လယ်စာ တင်သွင်းမှုအားလုံးကို ပြန်လည်ပိတ်ပင်တော့မည်ဖြစ်ကြောင်း ဗုဒ္ဓဟူးနေ့တွင် တိုကျိုသို့ အကြောင်းကြားခဲ့ကြောင်း သတင်းဌာနများက ဖော်ပြသည်။ ယခင်က ဖူကူရှီးမား ဓာတ်အားပေးစက်ရုံမှ ရေဆိုးထုတ်လွှတ်မှုကြောင့် ပိတ်ပင်ထားခဲ့သော ပင်လယ်စာတင်သွင်းမှုများကို ယခုနှစ်အစောပိုင်းတွင် တရုတ်က တစ်စိတ်တစ်ပိုင်း ဖြေလျှော့ပေးထားခဲ့သေးသည်။ ယခုကဲ့သို့ အလုံးစုံပိတ်ပင်လိုက်ခြင်းမှာ ရေဆိုးထုတ်လွှတ်မှုကို နောက်ထပ်စောင့်ကြည့်ရန် လိုအပ်ချက်ကြောင့်ဟု တရုတ်က ရှင်းပြခဲ့သော်လည်း၊ ဂျပန်ဝန်ကြီးချုပ် ဆနားအဲ တာကာအိချီ၏ ထိုင်ဝမ်နှင့်ပတ်သက်သော မှတ်ချက်စကားများကြောင့် နှစ်နိုင်ငံ သံတမန်ရေးအငြင်းပွားမှု နက်ရှိုင်းနေချိန်တွင် ယခုဆုံးဖြတ်ချက် ထွက်ပေါ်လာခြင်းဖြစ်သည်။ တရုတ်နိုင်ငံသည် ယခင်ပိတ်ပင်မှုများ မပြုလုပ်မီက ဂျပန်၏ ပင်လယ်စာတင်ပို့မှုအားလုံး၏ ငါးပုံတစ်ပုံ ကို ဝယ်ယူနေသည့် နိုင်ငံဖြစ်သည်။
| 18 | 0 | 0 | 0 |


