back

ဗီယက်နမ် အလယ်ပိုင်း ရေကြီးမှုကြောင့် သေဆုံးသူ ၁၆ ဦးနှင့် အိမ်ထောင်စု ၅ သိန်းကျော် မီးပျက်တောက်မှုနှင့် ကြုံတွေ့

Nov 21 • 12:46 AM

breaking-news

ဗီယက်နမ်

ပြည်တွင်းသတင်း

cover

ဗီယက်နမ် အလယ်ပိုင်း ရေကြီးမှုကြောင့် သေဆုံးသူ ၁၆ ဦးနှင့် အိမ်ထောင်စု ၅ သိန်းကျော် မီးပျက်တောက်မှုနှင့် ကြုံတွေ့

ဗီယက်နမ်နိုင်ငံ အလယ်ပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ခြင်းကြောင့် ဗီယက်နမ် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးအဖွဲ့က ယနေ့ ကြာသပတ...

ဗီယက်နမ်နိုင်ငံ အလယ်ပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ခြင်းကြောင့် ဗီယက်နမ် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးအဖွဲ့က ယနေ့ ကြာသပတေးနေ့ (နိုဝင်ဘာ ၂၀ ရက်) တွင် ထုတ်ပြန်ခဲ့သည့် အချက်အလက်များအရ လူ ၁၆ ဦး သေဆုံးပြီး ၅ ဦး ပျောက်ဆုံး နေကြောင်း သိရသည်။ ရေကြီးမှုကြောင့် အိမ်ခြေ ၄၃,၂၀၀ ကျော် ရေနစ်မြုပ်ခဲ့ပြီး၊ လယ်ယာစိုက်ခင်း ဟက်တာ ၁၀,၀၀၀ ကျော် ရေနစ်မြုပ်ကာ တိရစ္ဆာန်အကောင်ရေ ၆,၅၀၀ ကျော်လည်း သေဆုံးခဲ့သည်။ အရေးကြီးဆုံးမှာ လက်ရှိအချိန်တွင် အိမ်ထောင်စု ၅၅၃,၂၀၀ ကျော် သည် ဓာတ်အားပြတ်တောက်မှုနှင့် ကြုံတွေ့နေရကြောင်း ဒေသခံပြည်သူများကပြောကြားထားသည်။

news-view-count-icon

15