back

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာ အထက (၁) ၌ ပလတ်စတစ်ကင်းစင်ရေးနှင့် အမှိုက်စနစ်တကျစွန့်ပစ်ရေး လှုပ်ရှားမှု (Plastic Campaign) ပြုလုပ်

Nov 21 • 12:41 AM

breaking-news

မြန်မာ

စစ်ကိုင်း

cover

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာ အထက (၁) ၌ ပလတ်စတစ်ကင်းစင်ရေးနှင့် အမှိုက်စနစ်တကျစွန့်ပစ်ရေး လှုပ်ရှားမှု (Plastic Campaign) ပြုလုပ်

ကသာခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ဦးဆောင်မှုဖြင့် ပလတ်စတစ်ကင်းစင်ရေးနှင့် အမှိုက်များ စနစ်တကျစွန့်ပစ်ရေး တို့အတွက် Plastic Campaign လှုပ်ရှားမှုကို ယနေ...

ကသာခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ဦးဆောင်မှုဖြင့် ပလတ်စတစ်ကင်းစင်ရေးနှင့် အမှိုက်များ စနစ်တကျစွန့်ပစ်ရေး တို့အတွက် Plastic Campaign လှုပ်ရှားမှုကို ယနေ့ နိုဝင်ဘာ ၂၀ ရက် နံနက်ပိုင်းတွင် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းဝင်းနှင့် ဗိုလ်ချုပ်လမ်းတစ်လျှောက်၌ ပြုလုပ်ခဲ့သည်။ ဤလှုပ်ရှားမှုတွင် ခရိုင်/မြို့နယ်အဆင့် အုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ စုစုပေါင်း အင်အား ၁၅၀ ခန့် ပါဝင်ပူးပေါင်း ဆောင်ရွက်ခဲ့ကြသည်။ လှုပ်ရှားမှုအပြီးတွင် တာဝန်ရှိသူများက စာသင်ကျောင်းဝင်းအတွင်းရှိ ဈေးဆိုင်ခန်းများသို့ အမှိုက်စနစ်တကျစွန့်ပစ်ရေးနှင့် ပလတ်စတစ်အမှိုက်ကင်းစင်ရေးတို့အတွက် အသိပညာပေးခြင်းလုပ်ငန်းများ ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

news-view-count-icon

18