back

ဗီယက်နမ်၌ အလှမယ်ဟောင်းတစ်ဦး သကြားလုံးများကို အမျှင်ဓာတ်ကြွယ်ဝသည်ဟု လိမ်လည်ကြော်ငြာမှုဖြင့် ထောင်ဒဏ် ၂ နှစ် ချမှတ်ခံရ

Nov 21 • 12:39 AM

breaking-news

ဗီယက်နမ်

ပြည်တွင်းသတင်း

cover

ဗီယက်နမ်၌ အလှမယ်ဟောင်းတစ်ဦး သကြားလုံးများကို အမျှင်ဓာတ်ကြွယ်ဝသည်ဟု လိမ်လည်ကြော်ငြာမှုဖြင့် ထောင်ဒဏ် ၂ နှစ် ချမှတ်ခံရ

ဗီယက်နမ်နိုင်ငံတွင် ၂၀၂၁ ခုနှစ်က Miss Grand International အလှမယ်ဆုရှင်ဖြစ်ခဲ့သူ Nguyen Thuc Thuy Tienအား အမျှင်ဓာတ် (Fiber) ပါဝင်မှု ၀.၉၃၅% သာရှိသော သကြားလုံး (...

ဗီယက်နမ်နိုင်ငံတွင် ၂၀၂၁ ခုနှစ်က Miss Grand International အလှမယ်ဆုရှင်ဖြစ်ခဲ့သူ Nguyen Thuc Thuy Tienအား အမျှင်ဓာတ် (Fiber) ပါဝင်မှု ၀.၉၃၅% သာရှိသော သကြားလုံး (Gummies) ကို အမျှင်ဓာတ်ကြွယ်ဝသည်ဟု လူမှုမီဒီယာ၌ မမှန်မကန် ကြော်ငြာကာ စားသုံးသူများကို လှည့်ဖြားမှုဖြင့် နိုဝင်ဘာ ၁၉ ရက်နေ့တွင် ထောင်ဒဏ် ၂ နှစ် ချမှတ်လိုက်ကြောင်း နိုင်ငံပိုင်မီဒီယာများက ဖော်ပြသည်။ တီယန်နှင့်အတူ ၎င်း၏ လုပ်ဖော်ကိုင်ဖက် influencers ၂ ဦးကိုလည်း ထောင်ဒဏ် ၂ နှစ်စီ ချမှတ်ခဲ့သည်။ တရားရုံး၏ ထုတ်ပြန်ချက်အရ ၎င်းတို့သုံးဦး ပူးပေါင်းလုပ်ကိုင်သော Kera Supergreens Gummies ကို သေချာစွာ စစ်ဆေးခြင်းမရှိဘဲ ဟင်းသီးဟင်းရွက်တစ်ပန်းကန်စာနှင့် ညီမျှသည်ဟု ကြော်ငြာခဲ့ပြီး၊ အဆိုပါသကြားလုံးများတွင် laxative effects Sorbitol ၃၀% ကျော် ပါဝင်နေသည်။ ဤလိမ်လည်မှုမှတစ်ဆင့်pack 129,000 ကျော် ရောင်းချခဲ့ပြီး၊ USD 473,000အမြတ်ရရှိခဲ့သောကြောင့် တရားမဝင် အမြတ်ကြီးကြီးမားမား ရယူခဲ့သည့်အတွက် ပြင်းထန်သော ပြစ်ဒဏ်ပေးရန်လိုအပ်ကြောင်း တရားရုံးက ဆုံးဖြတ်ခဲ့သည်။ 

news-view-count-icon

12