back

ရန်ကုန်၊ လမ်းမတော် ကျောက်လမ်းပေါ်၌ လိုက်ထရပ်ယာဉ်မှ လူအုပ်အား ဝင်တိုက်မှုကြောင့် ၂ ဦး သေဆုံး၊ ၂ ဦး စိုးရိမ်ရ

Nov 21 • 12:38 AM

breaking-news

မြန်မာ

ရန်ကုန်

cover

ရန်ကုန်၊ လမ်းမတော် ကျောက်လမ်းပေါ်၌ လိုက်ထရပ်ယာဉ်မှ လူအုပ်အား ဝင်တိုက်မှုကြောင့် ၂ ဦး သေဆုံး၊ ၂ ဦး စိုးရိမ်ရ

ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ်၊ စဉ့်အိုးတန်းဆိပ်ကမ်း အထွက်ပေါက်ထိပ်ရှိ ကမ်းနားလမ်း ကျောက်လမ်းပေါ်၌ ယနေ့ နိုဝင်ဘာ ၂၀ ရက်၊ နေ့လယ် ၂ နာရီခန့်က လိုက်ထရပ်ယာဉ်တစ်စီး...

ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ်၊ စဉ့်အိုးတန်းဆိပ်ကမ်း အထွက်ပေါက်ထိပ်ရှိ ကမ်းနားလမ်း ကျောက်လမ်းပေါ်၌ ယနေ့ နိုဝင်ဘာ ၂၀ ရက်၊ နေ့လယ် ၂ နာရီခန့်က လိုက်ထရပ်ယာဉ်တစ်စီးသည် အရှိန်လွန်မောင်းနှင်ကာ လမ်းဘေးရပ်နေသူ အမျိုးသား ၄ ဦးကို ဝင်တိုက်ပြီး တိမ်းမှောက်မှု ဖြစ်ပွားခဲ့ကြောင်း လူမှုကူညီရေးအသင်းများထံမှ သိရသည်။ ဤယာဉ်တိုက်မှုကြောင့် လမ်းဘေးရပ်နေသူ အမျိုးသား ၂ ဦး သေဆုံးခဲ့ပြီး (၁ ဦးမှာ အခင်းဖြစ်ပွားရာ၌ ချက်ချင်းသေဆုံးကာ ၁ ဦးမှာ ဆေးရုံအရောက်တွင် သေဆုံး)၊ ကျန် ၂ ဦးမှာ စိုးရိမ်ရသည့် ဒဏ်ရာများ ရရှိခဲ့သည်။ ပတ်ဝန်းကျင်မှ မျက်မြင်များ၏ ပြောကြားချက်အရ လိုက်ထရပ်ယာဉ်သည် အရှိန်ပြင်းစွာ မောင်းနှင်လာပြီး အခြားကားတစ်စီးကို ရှောင်လိုက်ရာမှ လမ်းဘေးလူအုပ်ထဲ ဝင်ရောက်တိုက်မိခြင်းဖြစ်ကြောင်း သိရသည်။ ထိခိုက်သေဆုံးသူများထဲတွင် ဒလတံတားတည်ဆောက်ရေး စီမံကိန်းမှ ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်သူအချို့ ပါဝင်ကြောင်းလည်း သတင်းရရှိသည်။

news-view-count-icon

56