back

ပြည်တွင်းသို့သဘာဝဓာတ်ငွေ့ရည်များ သယ်ဆောင်လာသည့် MT DAPENG PRINCESS သင်္ဘော ထပ်မံရောက်ရှိ

Nov 20 • 8:42 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

ပြည်တွင်းသို့သဘာဝဓာတ်ငွေ့ရည်များ သယ်ဆောင်လာသည့် MT DAPENG PRINCESS သင်္ဘော ထပ်မံရောက်ရှိ

Liquified Natural Gas LNG အပြည့် သယ်ဆောင်လာသည့် MT DAPENG PRINCESS သင်္ဘောသည် MCV Terminal သို့ ထပ်မံရောက်ရှိလာခဲ့ကြောင်း သိရသည်။အဆိုပါသင်္ဘောသည် MCV Terminal ...

Liquified Natural Gas LNG အပြည့် သယ်ဆောင်လာသည့် MT DAPENG PRINCESS သင်္ဘောသည် MCV Terminal သို့ ထပ်မံရောက်ရှိလာခဲ့ကြောင်း သိရသည်။အဆိုပါသင်္ဘောသည် MCV Terminal ၌ ဆိုက်ကပ်ထားသည့် အဆင့်မြင့်နည်းပညာသုံး ဓာတ်ငွေ့သိုလှောင်သင်္ဘော (FSO - Floating Storage and Offloading) ဖြစ်သော MV CNTIC VPOWER ENERGY သင်္ဘောအတွင်းသို့ ဓာတ်ငွေ့များကို ဖြည့်တင်းပေးမည်ဖြစ်ကြောင်း သိရသည်။ယခုရောက်ရှိလာသည့် MT DAPENG PRINCESS ကို ကပ်ပေးပြီးဖြစ်သည့်အတွက် CVE ထဲသို့ သဘာဝဓာတ်ငွေ့ကို ကူးပြောင်းပေးပို့ပြီးပါက မကြာမီအချိန်အတွင်း လျှပ်စစ်ဓာတ်အားကို ထုတ်ပေးနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။

news-view-count-icon

70