back

ထိုင်းအစိုးရက လိမ်လည်မှုတွေကို တိုက်ဖျက်ဖို့ ဌာနဆိုင်ရာတွေက ပေးပို့တဲ့ အီးမေးလ်နဲ့ SMS တွေမှာ Link တွေ ထည့်သွင်းတာကို ပိတ်ပင်

Nov 20 • 8:41 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်းအစိုးရက လိမ်လည်မှုတွေကို တိုက်ဖျက်ဖို့ ဌာနဆိုင်ရာတွေက ပေးပို့တဲ့ အီးမေးလ်နဲ့ SMS တွေမှာ Link တွေ ထည့်သွင်းတာကို ပိတ်ပင်

အွန်လိုင်းလိမ်လည်မှုတွေကို တိုက်ဖျက်ဖို့အတွက် ထိုင်း အစိုးရက ဌာနဆိုင်ရာ အေဂျင်စီတွေအားလုံးကို SMS တွေနဲ့ အီးမေးလ်တွေကနေတဆင့် Link တွေ ထည့်သွင်းပေးပို့တာကို တားမ...

အွန်လိုင်းလိမ်လည်မှုတွေကို တိုက်ဖျက်ဖို့အတွက် ထိုင်း အစိုးရက ဌာနဆိုင်ရာ အေဂျင်စီတွေအားလုံးကို SMS တွေနဲ့ အီးမေးလ်တွေကနေတဆင့် Link တွေ ထည့်သွင်းပေးပို့တာကို တားမြစ်ပိတ်ပင်လိုက်ပါတယ်။ အစိုးရအဖွဲ့အစည်းတွေအဖြစ် ဟန်ဆောင်ပြီး အများပြည်သူကို လိမ်လည်နေတဲ့ ရာဇဝတ်ကောင်တွေရဲ့ အန္တရာယ်ကို ကာကွယ်ဖို့အတွက် ဒီမူဝါဒကို အစိုးရအဖွဲ့က အတည်ပြုလိုက်တာ ဖြစ်ပါတယ်။အခုဆိုရင် ပြည်သူတွေအနေနဲ့ အစိုးရဌာနတစ်ခုခုက ပေးပို့ပါတယ်ဆိုပြီး Link ပါဝင်တဲ့ စာတိုတွေ ရောက်လာခဲ့ရင် ဒါဟာ လိမ်လည်မှုတစ်ခုအဖြစ် အလိုအလျောက် သတ်မှတ်ဖို့ ညွှန်ကြားထားပါတယ်။ ဒါ့အပြင် အဲဒီလို စာတိုတွေကို ဖွင့်မကြည့်ဘဲ ရဲတပ်ဖွဲ့နဲ့ သက်ဆိုင်ရာ အေဂျင်စီတွေကို ချက်ချင်း သတင်းပို့ဖို့လည်း အကြံပြုထားပါတယ်။

ဒစ်ဂျစ်တယ်စီးပွားရေးနဲ့ လူမှုအဖွဲ့အစည်း ဝန်ကြီး Chaichanok Chidchob က ဒီနည်းလမ်းဟာ လိမ်လည်သူတွေ အများဆုံး အသုံးချနေတဲ့ ဟာကွက်ကို ပိတ်လိုက်တာဖြစ်တယ်လို့ ပြောပါတယ်။ အဓိက ရည်ရွယ်ချက်ကတော့ အစိုးရအေဂျင်စီတွေဟာ SMS သို့မဟုတ် အီးမေးလ်ကနေ ဘယ်တော့မှ Link ပို့မှာ မဟုတ်ဘူးဆိုတာကို ပြည်သူတွေ တညီတညွတ်တည်း နားလည်သွားစေဖို့နဲ့ အဲဒီလိုစာမျိုး တွေ့ရင် ရာဇဝတ်မှုအဖြစ် သတ်မှတ်နိုင်ဖို့ ဖြစ်ပါတယ်။ဒီအစီအမံအသစ်ဟာ ဘဏ်တွေကနေ Link ပါတဲ့ SMS ပို့တာကို တားမြစ်ထားပြီးဖြစ်တဲ့ ထိုင်းဗဟိုဘဏ် ရဲ့ လုပ်ဆောင်ချက်နဲ့ တူညီပါတယ်။ နည်းပညာပိုင်းဆိုင်ရာ ရာဇဝတ်မှု တားဆီးနှိမ်နင်းရေး ကော်မတီရဲ့ ကြိုးပမ်းမှုရလဒ်ဖြစ်ပြီး ဆက်သွယ်ရေးလိုင်းတွေကနေတဆင့် ဝင်ရောက်လာမယ့် လိမ်လည်မှုတွေကို ထိန်းချုပ်လိုက်တာလည်း ဖြစ်ပါတယ်။



news-view-count-icon

20