back

အင်္ကျီလက်မောင်းစပွန်ဆာ Visit Rwanda နဲ့ အာဆင်နယ်လမ်းခွဲမည်ဖြစ်

Nov 20 • 5:45 AM

breaking-news

မြန်မာ

ပြည်ပ

cover

အင်္ကျီလက်မောင်းစပွန်ဆာ Visit Rwanda နဲ့ အာဆင်နယ်လမ်းခွဲမည်ဖြစ်

အာဆင်နယ်အသင်းက ၂၀၁၈ ခုနှစ်ကစတင်ပြီး အင်္ကျီလက်မောင်းစပွန်ဆာရယူထားတဲ့ Visit Rwandaနဲ့ လမ်းခွဲတော့မယ်လို့သိရပါတယ်။ရဝမ်ဒါခရီးသွားလာရေးဝန်ကြီးဌာနက အာဆင်နယ်အသင်းနဲ့ပ...

အာဆင်နယ်အသင်းက ၂၀၁၈ ခုနှစ်ကစတင်ပြီး အင်္ကျီလက်မောင်းစပွန်ဆာရယူထားတဲ့ Visit Rwandaနဲ့ လမ်းခွဲတော့မယ်လို့သိရပါတယ်။ရဝမ်ဒါခရီးသွားလာရေးဝန်ကြီးဌာနက အာဆင်နယ်အသင်းနဲ့ပေါင်(၁၀)သန်းတန်(၃)နှစ်စာချုပ်ချုပ်ဆိုခဲ့ပြီး နောက်ပိုင်းမှာ ၂၀၂၆ ဇွန်လအထိ သက်တမ်းတိုးမြှင့်ခဲ့ပါတယ်။ဒါပေမဲ့ ရဝမ်ဒါနိုင်ငံရဲ့စစ်ရေးကူညီမှုတွေကြောင့် DR ကွန်ဂိုနိုင်ငံရဲ့ပြည်တွင်းစစ်ပိုမိုကြီးမားလာချိန်မှာ စပွန်ဆာယူထားတဲ့ အာဆင်နယ်အသင်းလည်း အကြီးအကျယ်ဝေဖန်ခံလာရပါတယ်။Visit Rwanda အမှတ်တံဆိပ်နဲ့စပွန်ဆာရယူထားတဲ့အသင်းတွေထဲ PSG ၊ ဘိုင်ယန်မြူးနစ်တို့လည်း ပါဝင်နေပြီး ဘိုင်ယန်မြူးနစ်အသင်းကတော့ ဝေဖန်မှုတွေကြောင့်စပွန်ဆာစာချုပ်ဖျက်သိမ်းခဲ့ပါတယ်။အာဆင်နယ်ပရိသတ်တချို့ကတော့အာဆင်နယ်အသင်းဟာ ငွေရမယ်ဆိုရင် ခါးသီးတဲ့မြို့ခံပြိုင်ဘက်စပါးအသင်းဆီကနေလည်း စပွန်ဆာယူမယ့်အသင်းဆိုပြီးလှောင်ပြောင်နေပါတယ်။

news-view-count-icon

44