နှစ်နိုင်ငံအကြား သံတမန်ဆက်ဆံရေး တင်းမာနေချိန်တွင် ဂျပန်ပင်လယ်စာများ ဝယ်ယူ တင်သွင်းမှု မှန်သမျှကို ပိတ်ပင်ရန် တရုတ်နိုင်ငံက စီစဉ်ထားကြောင်းဂျပန်မီဒီယာများက နိုဝင်ဘာ ၁၉ ရက်တွင် သတင်းထုတ်ပြန်ထားသည်။ဂျပန်မီဒီယာများ၏ အဆိုအရ ဂျပန်ပင်လယ်စာ ဝယ်ယူတင်သွင်းမှုအားလုံး ပိတ်ပင်မည့်အစီအစဉ်ကို တရုတ်နိုင်ငံက ဂျပန်အစိုးရကို အသိပေး ထားကြောင်း သိရသည်။ဂျပန်ပင်လယ်စာများ ဝယ်ယူတင်သွင်းမှုကို ပြန်လည်ပိတ်ပင်ရန် တရုတ်နိုင်ငံက စီစဉ်နေခြင်းသည် တရုတ်နှင့် ဂျပန်တို့အကြားလက်ရှိသံတမန်ဆက်ဆံရေးတင်းမာမှုပြဿနာအခြေအနေပိုဆိုးလာနိုင်သည့်သဘောကိုပြသ လျက်ရှိသည်။တရုတ်နိုင်ငံက တရုတ်(တိုင်ပေ)ကို တိုက်ခိုက်ခဲ့ပါက ဂျပန်နိုင်ငံ အနေဖြင့်စစ်ရေးအရ ကြားဝင်တုံ့ပြန် ရနိုင်ကြောင်း ဂျပန်ဝန်ကြီးချုပ် တာကာအိချီက နိုဝင်ဘာ ၇ ရက်တွင် ပြောကြားခဲ့ပြီးနောက် တရုတ်နှင့်ဂျပန် နှစ်နိုင်ငံ ဆက်ဆံရေးတင်းမာခဲ့ရသည်။တရုတ်နိုင်ငံသည် ယခုနှစ်စပိုင်းတွင် ဂျပန်ပင်လယ်စာများ ဝယ်ယူတင်သွင်းမှု ကန့်သတ်ပိတ်ပင်ချက်များကို တစ်စိတ်တစ်ပိုင်း ပယ်ဖျက်ပေးခဲ့ပြီးနောက်အလုံးစုံပြန်လည်ပိတ်ပင်ရန် စီစဉ်ထားခြင်းဖြစ်သည်။



