ငလျင်ဒဏ်သင့် အဆောက်အဦး တွေ ပြန်လည်ပြုပြင်ဖို့ ချေးငွေ ၈၉၀၀ သန်းကျော်ထုတ်ချေးလိုက်တယ်လို့မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ် ကသိရပါတယ်။မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ် ကနေ ချေးငွေစာချုပ်လက်မှတ်ရေးထိုးပြီး ၊ ကုမ္ပဏီတွေကို အသီးသီးထုတ်ချေးပေးခဲ့တယ်လို့ဆိုပါတယ်။အခုလို ချေးငွေထုတ်ချေးပေးတာကို မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ် ကငလျင်ဒဏ်သင့် အဆောက်အဦးများ ပြုပြင်တဲ့ စီမံကိန်းလုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်နေတဲ့ အသင်းဝင်ကုမ္ပဏီ တွေကို စာချုပ်လက်မှတ်ရေးထိုးပြီး ချေးငွေထုတ်ပေးခဲ့တယ်လို့သိရပါတယ်။
ချေးငွေတွေကို လိမ္မော်ရောင်အဆင့် အဆောက်အဦ တွေ ပြုပြင်တဲ့ အသင်းဝင်ကုမ္ပဏီ(၂၇)ခုအတွက် ချေးငွေပေါင်း (၄,၁၅၀)သန်းနဲ့ အပြာရောင်အဆင့် အဆောက်အဦ ပြင်ဆင်တဲ့ အသင်းဝင်ကုမ္ပဏီ(၂၈)ခု အတွက် ချေးငွေပေါင်း (၄,၇၅၈)သန်းကို ထုတ်ချေးပေးခဲ့တယ်လို့သိရပါတယ်။အသင်းအနေနဲ့ အသင်းဝင်ကုမ္ပဏီ တွေငလျင်ဒဏ်သင့် အဆောက်အဦးများပြုပြင်တဲ့ စီမံကိန်းအတွက် ချေးငွေစုစုပေါင်း (၈,၉၀၈)သန်းကျော် ထုတ်ချေးပေးခဲ့ပြီးဖြစ်တယ်လို့ မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်များအသင်းချုပ် ရဲ့ ထုတ်ပြန်ပြောကြားထားချက်တွေအရသိရှိရပါတယ်။



