back

စစ်ကိုင်းတွင် ခရီးသွားဝင်ရောက်မှုမရှိတော့လို့ ခရီးသွားအမှီပြုလုပ်ငန်းအချို့ အလုပ်ပြောင်းလဲလုပ်ကိုင်လာ

Nov 20 • 4:47 AM

breaking-news

မြန်မာ

စစ်ကိုင်း

cover

စစ်ကိုင်းတွင် ခရီးသွားဝင်ရောက်မှုမရှိတော့လို့ ခရီးသွားအမှီပြုလုပ်ငန်းအချို့ အလုပ်ပြောင်းလဲလုပ်ကိုင်လာ

ခရီးသွားဝင်ရောက်မှုမရှိသလောက်အခြေအနေဖြစ်သွားပြီးနောက်ပိုင်း၊ စစ်ကိုင်းမြို့က ခရီးသွားအမှီပြုလုပ်ငန်းလုပ်ကိုင်ကြသူအချို့၊ လုပ်ငန်းပြောင်းလဲလုပ်ကိုင်လာကြကြောင်း သ...

ခရီးသွားဝင်ရောက်မှုမရှိသလောက်အခြေအနေဖြစ်သွားပြီးနောက်ပိုင်း၊ စစ်ကိုင်းမြို့က ခရီးသွားအမှီပြုလုပ်ငန်းလုပ်ကိုင်ကြသူအချို့၊ လုပ်ငန်းပြောင်းလဲလုပ်ကိုင်လာကြကြောင်း သတင်းရရှိသည်။အဆမတန်ကျဆင်းခဲ့သည့် ခရီးသွားလုပ်ငန်း ပြန်လည်ကောင်းမွန်လာနိုးစောင့်ကြည့်ခဲ့သော်လည်း၊ တစ်နှစ်တာကာလအတွင်း၊ လုပ်ငန်းများပြန်လည်ကောင်းမွန်လာခြင်းမရှိသဖြင့် အခြားလုပ်ငန်းများသို့ ပြောင်း ရွှေ့လုပ်ကိုင်နေကြခြင်းဖြစ်ကြောင်း ခရီးသွားအမှီပြုလုပ်ငန်းလုပ်ကိုင်ကြသူများက ဆိုသည်အိုးလုပ်ငန်း၊ ကြေးသွန်းလုပ်ငန်း၊ ကျောက်ပုတီးလုပ်ငန်း၊ ကြေးပန်းချီလုပ်ငန်း၊ အငှားယာဥ်ဝန်ဆောင်မှု လုပ်ငန်း၊ ဧည့်ကြိုဝန်ဆောင်မှုလုပ်ငန်း၊ ဘုရားစျေးနိဗ္ဗာန်ကုန်နှင့်လက်ဆောင်ပစ္စည်းအရောင်ဆိုင်များ အစရှိ သ ဖြင့် ခရီးသွားအမှီပြုလုပ်ငန်းဖြင့်အသက်မွေးဝမ်းကြောင်းကြသူများအနေနှင့် ခရီးသွားဝင်ရောက်မှုမရှိတော့သည့် နောက်ပိုင်း၊ လတ်တလောရင်ဆိုင်နေရသည့်စားဝတ်နေရေးအခက်အခဲကြောင့် နီးစပ်သင့်လျော်ရာလုပ်ငန်း အသီးသီးသို့ ပြောင်းလဲရွှေ့ပြောင်းလုပ်ကိုင်နေကြရခြင်းဖြစ်ကြောင်း သိရသည်။

news-view-count-icon

19