back

ထားဝယ်တွင် သယ်ယူရခက်ခဲသဖြင့် အုန်းသီးအဝယ်ရပ်ပြီး စျေးကျ

Nov 20 • 5:46 AM

breaking-news

မြန်မာ

တနင်္သာရီ

cover

ထားဝယ်တွင် သယ်ယူရခက်ခဲသဖြင့် အုန်းသီးအဝယ်ရပ်ပြီး စျေးကျ

မန္တလေးတိုင်းသို့ တင်ပို့ရောင်းချနေသော တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ကမ်းရိုးတန်းဒေသများမှ အုန်းသီးများမှာ သယ်ယူရခက်ခဲနေသဖြင့် အဝယ်ရပ်ကာ အုန်းသီးစျေးကျသွားကြော...

မန္တလေးတိုင်းသို့ တင်ပို့ရောင်းချနေသော တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ကမ်းရိုးတန်းဒေသများမှ အုန်းသီးများမှာ သယ်ယူရခက်ခဲနေသဖြင့် အဝယ်ရပ်ကာ အုန်းသီးစျေးကျသွားကြောင်း အုန်းသီးစျေးကွက်ထဲမှ သိရသည်။ယခုနှစ် မတ်လက လှုပ်ခဲ့သည့် စစ်ကိုင်းငလျင်ကြီးပြီးနောက် အုန်းသီးဝယ်ယူသည့် မုန့်တိုက်နှင့်စက်ရုံများက အုန်းသီးအဝယ် စတင်လျော့ကျသွားကြောင်း၊ သြဂုတ်လက တိုက်ပွဲများကြောင့် ကလိန်အောင်-မလွှဲတောင် လမ်းပိုင်း ရက်ရှည်ပိတ်မိပြီးချိန်တွင်မူ မန္တလေးဘက်မှ အုန်းသီးဝယ်သူများ လုံးဝ ရပ်နားသွားကြကြောင်း အုန်းသီးလုပ်ငန်းရှင်များကဆိုသည်။အုန်းသီးအဝယ်နည်းသွားသဖြင့် အုန်းသားခြောက်ပြုလုပ်သူများလာပြီး အုန်းသားခြောက်စျေးလည်း ကျလာကြောင်း အုန်းသားခြောက်ဝယ်သည့် ပွဲရုံများထံမှသိရသည်။အုန်သီး နှင့် အုန်းသားစျေးကျသဖြင့် အုန်းသီးအပင်မှတိုက်ရိုက်ဝယ်စျေးလည်း တစ်လုံးလျှင် ကျပ်ရာဂဏန်းသာရှိတော့ကြောင်း အုန်းခြံပိုင်ရှင်များကဆိုသည်။ထားဝယ်ဒေသထွက်အုန်းသီးကို မန္တလေးစျေးကွက်တွင် အဝယ်လိုက်ခဲ့သဖြင့် ၂၀၂၄ ခုနှစ်က အုန်းသီးစျေး တစ်လုံးလျှင် ကျပ် ၅,၀၀၀ အထိ စျေးရှိခဲ့ဖူးကြောင်း အုန်းသီးလုပ်ငန်းရှင်များနှင့် ဒေသခံများထံမှသိရသည်။

news-view-count-icon

26